(App only)
(free ကြည့်ချင်တဲ့သူတွေလဲ app ကနေဝင်ကြည့်လို့ရပါတယ်)
##unicode
ဒီဇာတ်ကားလေးကတော့ ဒီနှစ်ရဲ့ခရစ်စမတ်အတွက်အသစ်ထွက်ရှိလာတဲ့ ခရစ်စမတ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
How I met Your mothers seriesရဲ့ နာမည်ကြီးမင်းသား Neil Patrick Harris ပါဝင်ထားပြီး ကလေးသရုပ်ဆောင် Winslow Fegleyရဲ့
ချစ်စရာကောင်းတဲ့သရုပ်ဆောင်မှု ဟာသလေးတွေနဲ့ဇာတ်ကားအဆုံးထိဆွဲခေါ်သွားနိုင်မယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ခုနှစ် ချီကာဂိုမှာ နင်တန်ဒိုဆိုတဲ့ဂိမ်းစက်က နောက်ဆုံးပေါ်ဂိမ်းစက်တစ်ခုပေါ့
ကလေးတိုင်းက အဲဒီဂိမ်းစက်ကို ခရစ်စမတ်လက်ဆောင်အနေနဲ့လိုချင်ခဲ့ကြတယ် ဒီအထဲမှာ ၁၁နှစ်အရွယ်
ဂျိတ်ကတော့ အဲဒီဂိမ်းစက်ကိုအရူးသွပ်ဆုံးဖြစ်ခဲ့ပါတယ် သူတို့မြို့မှာ အဲဒီဂိမ်းစက်ကလည်း
တင်မီဆိုတဲ့ အကျင့်ဆိုးတဲ့သူဌေးသားဆီမှာပဲရှိခဲ့တာကြောင့် သူ့ဆီသွားပြီးဂိမ်းစက်ငမ်းဖို့ ဂျိတ်နဲ့သူ့သူငယ်ချင်းတွေမှာ
အသေအလဲကိုကြိုးစားခဲ့ရပါတယ် မိဘတွေဆီကနေ အဲဒီဂိမ်းစက်ကို ခရစ်စမတ်လက်ဆောင်အဖြစ်
ဘယ်လိုရအောင်တောင်းရမလဲဆိုတာလည်း သူတို့မှာ ခေါင်းချင်းဆိုင်ပြီးအဖြေရှာရတာအမြဲပါပဲ
မိဘတွေမဝယ်ပေးရင်လည်း ကိုယ့်ဟာကိုယ် ဂိမ်းစက်ရအောင်ဝယ်မယ်ဆိုတဲ့အကြံတွေနဲ့ သူတို့ရဲ့အလွဲတွေကို
ဒီဇာတ်ကားမှာ ရယ်ရယ်မောမောမြင်တွေ့ရမှာပါ ခရစ်စမတ်ဇာတ်ကားတွေရဲ့ပုံစံအတိုင်း
ဒီဇာတ်ကားလေးကလည်း ကြည်နူးစရာဇာတ်ကားလေးဖြစ်လို့ကြည့်ရူအားပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 1.3GB,2.6GB
Format…mp4
Quality : 1080p WEB-DL,720p WEB-DL
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
====================================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 09691177142
Upload on Youtube
Leave a Reply