(App member only)
##unicode
ခုတစ်ခါမှာတော့ အိန္ဒိယကကျော်ကြားတဲ့ seriesတစ်ခုဖြစ်တဲ့Breathe into the shadows season 2နဲ့ မိတ်ဆက်ပေးပါမယ်။
season 1တုန်းကလည်းအတော်လေးအောင်မြင်ခဲ့တဲ့ကားပါ။အဓိကဇာတ်လိုက် ၂ယောက်ဖြစ်တဲ့ စိတ္တဇလူသတ်သမားအဗင်နက်ရှ်နဲ့
ရဲအရာရှိ ကာဘီတို့ရဲ့အားပြိုင်မှုကို ရှယ်ကြည့်ရှုရမယ့်ကားပါ။
ဇာတ်လမ်းက အဗင်နက်ရှ်ဟာ ငယ်ငယ်ကတည်းက သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့လူတွေနဲ့ တွေခဲ့ရတယ်။ငယ်ငယ်တည်းက စိတ်ပိုင်းဆိုင်ရာ မကျန်းမာခဲ့တဲ့
လူတစ်ယောက်ဟာကြီးလာတဲ့အခါမှာလည်း စိတ်ကျန်းမာရေးက အတော်ပျက်စီးနေခဲ့တာပါ။အဲ့တော့ သူ့စိတ်ထဲမှာပဲ အဗင်နက်ရှ်နဲ့ ဂျေဆိုတဲ့
လူနှစ်ယောက် နေထိုင်ခဲ့တယ်။စိတ်ဒဏ်ရာတွေအများကြီးရနေတဲ့ အဗင်နက်ရှ်နဲ့ အဗင်နက်ရှ်ကို ကာကွယ်ပေးမယ့် ဂျေဆိုပြီးစိတ်ကနေပဲ
ဖန်တီးပေးလိုက်တာပေါ့။ဂျေက အဗင်နက်ရှ်ကို သိပြီး အဗင်နက်ရှ်ကတော့ ဂျေကိုမသိဘူးပေါ့။အဲ့လိုနဲ ဂျေကအဗင်နက်ရှ်ကို
စိတ်ဒဏ်ရာတွေပေးခဲ့တဲ့ လူတွေကို သတ်ပစ်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။အဗင်နက်ရှ်တစ်ယောက်တည်းကပဲ စိတ်နှစ်မျိုး ဖြစ်နေတာနော်။
ဂျေရဲ့သားကောင်တွေက ၁၀ယောက်ရှိတယ်။S1မှာတော့ 4ယောက်သတ်ပြီးပြီ။4ယောက်သတ်အပြီးမှာကာဘီက သူ့ကိုဖမ်းပြီး ပုံမှန်မဟုတ်တာသိလို့
စိတ္တဇဆေးရုံမှာပဲနေရတယ်။၂နှစ်ကျော်၃နှစ်လုံးလုံးကြာပြီးတော့ ဂျေဟာပျောက်ကွယ်သွားတယ်ပေါ်မလာတော့ဘူး။
ဒါပေမဲ့ အဗက်နက်ရှ်ရဲ့ မွေးနေ့တစ်နေ့မှာ ဂျေဟာပြန်ပေါ်လာပြီး ဘာတွေဆက်ဖြစ်လာမလဲ။
သူ့ရဲ့ကျန်တဲ့ သားကောင်၆ယောက်ကိုရော သတ်ပစ်မှာလား။အဲ့၆ယောက်ကရောသူ့ကိုဘယ်လိုစိတ်ဒဏ်ရာတွေ ပေးခဲ့သလဲ။
ကာဘီကရော သူ့ကိုတားဆီးနိုင်မှာလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမှာပါ။ဒာကဇာတ်ကောင်တွေကိုပဲ အဓိကမိတ်ဆက်ပေးလိုက်လို့နော်။
ကျန်တဲ့ အဗင်နက်ရှ်မိန်းမတို့၊ဂျေရဲ့ရည်းစားတို့၊ဗစ်တာတို့ရဲ့ ဇာတ်လမ်းတွေလည်းအများကြီးရှိသေးတယ်။
plotတွေ အတော်လေးကောင်းတယ်။ဇာတ်အိမ်လည်း အတော်ခိုင်တယ်။ဇာတ်ညွှန်းရေးဆရာကလည်း သူ့ဇာတ်သူနိုင်တယ်။india seriesတွေထဲမှာဆို
အတော်စိတ်တိုင်းကျတဲ့ကားပါ။season 1မကြည့်ရသေးသူတွေလည်း ကြည့်ကြနော်။
#zawgyi
ခုတစ္ခါမွာေတာ့ အိႏၵိယကေက်ာ္ၾကားတဲ့ seriesတစ္ခုျဖစ္တဲ့Breathe into the shadows season 2နဲ႔ မိတ္ဆက္ေပးပါမယ္။
season 1တုန္းကလည္းအေတာ္ေလးေအာင္ျမင္ခဲ့တဲ့ကားပါ။အဓိကဇာတ္လိုက္ ၂ေယာက္ျဖစ္တဲ့ စိတၱဇလူသတ္သမားအဗင္နက္ရွ္နဲ႔
ရဲအရာရွိ ကာဘီတို႔ရဲ႕အားၿပိဳင္မႈကို ရွယ္ၾကည့္ရႈရမယ့္ကားပါ။
ဇာတ္လမ္းက အဗင္နက္ရွ္ဟာ ငယ္ငယ္ကတည္းက သူ႔ကိုစိတ္ဒဏ္ရာေပးခဲ့တဲ့လူေတြနဲ႔ ေတြခဲ့ရတယ္။ငယ္ငယ္တည္းက စိတ္ပိုင္းဆိုင္ရာ မက်န္းမာခဲ့တဲ့
လူတစ္ေယာက္ဟာႀကီးလာတဲ့အခါမွာလည္း စိတ္က်န္းမာေရးက အေတာ္ပ်က္စီးေနခဲ့တာပါ။အဲ့ေတာ့ သူ႔စိတ္ထဲမွာပဲ အဗင္နက္ရွ္နဲ႔ ေဂ်ဆိုတဲ့
လူႏွစ္ေယာက္ ေနထိုင္ခဲ့တယ္။စိတ္ဒဏ္ရာေတြအမ်ားႀကီးရေနတဲ့ အဗင္နက္ရွ္နဲ႔ အဗင္နက္ရွ္ကို ကာကြယ္ေပးမယ့္ ေဂ်ဆိုၿပီးစိတ္ကေနပဲ
ဖန္တီးေပးလိုက္တာေပါ့။ေဂ်က အဗင္နက္ရွ္ကို သိၿပီး အဗင္နက္ရွ္ကေတာ့ ေဂ်ကိုမသိဘူးေပါ့။အဲ့လိုနဲ ေဂ်ကအဗင္နက္ရွ္ကို
စိတ္ဒဏ္ရာေတြေပးခဲ့တဲ့ လူေတြကို သတ္ပစ္ဖို႔ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။အဗင္နက္ရွ္တစ္ေယာက္တည္းကပဲ စိတ္ႏွစ္မ်ိဳး ျဖစ္ေနတာေနာ္။
ေဂ်ရဲ႕သားေကာင္ေတြက ၁၀ေယာက္ရွိတယ္။S1မွာေတာ့ 4ေယာက္သတ္ၿပီးၿပီ။4ေယာက္သတ္အၿပီးမွာကာဘီက သူ႔ကိုဖမ္းၿပီး ပုံမွန္မဟုတ္တာသိလို႔
စိတၱဇေဆး႐ုံမွာပဲေနရတယ္။၂ႏွစ္ေက်ာ္၃ႏွစ္လုံးလုံးၾကာၿပီးေတာ့ ေဂ်ဟာေပ်ာက္ကြယ္သြားတယ္ေပၚမလာေတာ့ဘူး။
ဒါေပမဲ့ အဗက္နက္ရွ္ရဲ႕ ေမြးေန႔တစ္ေန႔မွာ ေဂ်ဟာျပန္ေပၚလာၿပီး ဘာေတြဆက္ျဖစ္လာမလဲ။
သူ႔ရဲ႕က်န္တဲ့ သားေကာင္၆ေယာက္ကိုေရာ သတ္ပစ္မွာလား။အဲ့၆ေယာက္ကေရာသူ႔ကိုဘယ္လိုစိတ္ဒဏ္ရာေတြ ေပးခဲ့သလဲ။
ကာဘီကေရာ သူ႔ကိုတားဆီးႏိုင္မွာလားဆိုတာကို စိတ္လႈပ္ရွားဖြယ္ၾကည့္ရႉရမွာပါ။ဒာကဇာတ္ေကာင္ေတြကိုပဲ အဓိကမိတ္ဆက္ေပးလိုက္လို႔ေနာ္။
က်န္တဲ့ အဗင္နက္ရွ္မိန္းမတို႔၊ေဂ်ရဲ႕ရည္းစားတို႔၊ဗစ္တာတို႔ရဲ႕ ဇာတ္လမ္းေတြလည္းအမ်ားႀကီးရွိေသးတယ္။
plotေတြ အေတာ္ေလးေကာင္းတယ္။ဇာတ္အိမ္လည္း အေတာ္ခိုင္တယ္။ဇာတ္ၫႊန္းေရးဆရာကလည္း သူ႔ဇာတ္သူႏိုင္တယ္။india seriesေတြထဲမွာဆို
အေတာ္စိတ္တိုင္းက်တဲ့ကားပါ။season 1မၾကည့္ရေသးသူေတြလည္း ၾကည့္ၾကေနာ္။
Review – Thant Sin Hnin
File Size – 300MB,800MB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Thant Sin Hnin
Encoded by Arrow
=================================================================================
App ေဒါင္းရန္
https://bit.ly/m/alphapremium
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply