##unicode
ဒီတစ်ခေါက်မှာတော့ “Kaapa”ဆိုတဲ့အိန္ဒိယဇာတ်ကားကောင်းလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ အာနန်နဲ့ဘီနူးတို့ဇနီးမောင်နှံဟာအလုပ်ကြောင့်သရီဗူနာသာပူရမ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်
သူတို့လင်မယားနှစ်ယောက် ရင်သွေးလေးယူပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်တော့မယ်လို့စဉ်းစားနေတုန်းမှာပဲ
သူတို့ရဲ့ပျော်ရွှင်မှုကြီးကိုရိုက်ခတ်မယ့်အရာတစ်ခုကပေါ်လာခဲ့ပါတယ် အဲဒါကတော့အာနန်ရဲ့ဇနီးဖြစ်သူ ဘီနူးရဲ့နာမည်ဟာ
ရဲတွေရဲ့ကာပါစာရင်းလို့ခေါ်တဲ့ ရာဇဝတ်သားတွေရဲ့နာမည်စာရင်းမှာပါဝင်နေတာပဲဖြစ်ပါတယ်
ဒီလိုနဲ့စုံစမ်းလိုက်တဲ့အခါမှာတော့ ဘီနူးတို့မိသားစုဆက်ခံသူ ဘီနူးရဲ့အစ်ကိုဟာ လူမိုက်ခေါင်းဆောင်ကိုတာမာဒူသတ်တာ
ခံလိုက်ရတဲ့အတွက် ဘီနူးကဂိုဏ်းခေါင်းဆောင်နေရာကို အလိုအလျောက်ရောက်လာခဲ့တာဖြစ်ပြီး မလိုအပ်ဘဲ
ဒီပြဿနာတွေကြားမှာဓားစာခံဖြစ်သွားခဲ့ရတာပါ
အာနန်ဟာသူ့ဇနီးဖြစ်သူဘီနူးကို ပြဿနာတွေထဲကနေဆွဲထုတ်နိုင်ဖို့အတွက်ဘီနူးရဲ့အတိတ်ကပြဿနာတွေရဲ့
အဓိကပြဿနာအရင်းခံဖြစ်တဲ့ သရီဗူနာသာပူရမ်ရဲ့လူမိုက်ခေါင်းဆောင်ကိုတာမာဒူဆီကိုချဉ်းကပ်ပြီး
သူတို့လင်မယားနှစ်ယောက်ကိုဒုက္ခမပေးဖို့၊ သူတို့လင်မယားကိုအကူအညီပေးဖို့တောင်းဆိုရပါတော့တယ်
အာနန်တစ်ယောက်သူ့မိန်းမကိုကယ်တင်နိုင်ဖို့ကြိုးစားရင်း ဂိုဏ်းတွေရဲ့ရန်ပွဲကြားမှာဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲ….
ဇနီးဖြစ်သူ ဘီနူးကိုရော အဆုံးစွန်အထိကာကွယ်လိုက်နိုင်မှာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply