လူတစ်ယောက်နဲ့ပတ်သတ်တယ်ဆိုတာ အဲ့ဒီလူကကိုယ်နဲ့အဆင်ပြေနေတဲ့အချိန်ဘာမှမဖြစ်ပေမယ့်
အဆင်မပြေတော့တဲ့အခါ ကိုယ့်ဘ၀ကိုဘယ်လောက်ထိအနှောက်ယှက်ပေးနိုင်တယ်ဆိုတာ ဒီဇာတ်လမ်းလေးကလက်တွေ့ပဲ
ဆူနေးနဲ့မာတီတို့ရဲ့ပျော်ရွှင်စရာဒီပါဝါလီနေ့လေးကို ဆူနေးရဲ့အမှားကြောင့် ခြောက်ခြားစရာအမှတ်တရတွေနဲ့ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုခံစားကြပါရှင့်
သူငယ်ချင်းဆိုတာလည်းပျော်နေတုန်းမှာသာကောင်းတယ်လို့ထင်ရတာပါ
တကယ်ဒုက္ခရောက်နေချိန်မှကိုယ့်အနားမှာနေဖို့ကိုမနည်းတောင်းပန်ရတဲ့အထိပါပဲ
အိမ်ထောင်ရေးဖောက်ပြန်ချင်တဲ့သူတွေ
မဖောက်ပြန်ခင်စဉ်းစားသင့်ကြောင်းပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပြီး
ကိုယ်ကလည်း ဖောက်ပြန်တယ်
ကိုယ့်လက်တွဲဖော်ကိုလည်း လက်မလွှတ်ချင်ဘူး
အဲ့ဒီအခါ တစ်ကိုယ်ကောင်းသမားတစ်ယောက် ဖြစ်သွားရော
သစ္စာဖောက်တယ်ဆိုတာဖောက်ခံရတဲ့သူတင်မဟုတ်ဘူး
ဖောက်တဲ့သူအတွက်လည်းဘေးထွက်ဆိုးကျိုးအများကြီးဖြစ်တယ်ဆိုတာကိုပညာပေးရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်
Leave a Reply