##unicode
A Heroဇာတ်ကားမှာတော့ Rahimဟာ လုပ်ငန်းဒေဝါလီခံရပြီးတော့
အကြွေးတွေကြောင့်ထောင်10နှစ်ကျနေသူဖြစ်ပါတယ်။မိန်းမဖြစ်သူနဲ့လဲကွာရှင်းထားတဲ့အတွက်
စကားထစ်နေတဲ့သားငယ်ကို အမအိမ်မှာအပ်ထားခဲ့ရတယ်။ထောင်ကနေနားရက်2ရက်ရလို့ အိမ်ပြန်လာတုန်း
ရွှေဒင်္ဂါး17ပြားပါတဲ့ အိတ်ကိုရှာတွေခဲ့တဲ့အတွက် ရွှေတွေရောင်းကာ အကြွေးတစ်ဝက်ဆပ်ဖို့ကြံစည်ခဲ့ပေမဲ့
အကြွေးရှင်နဲ့ညှိနှိုင်းလို့အဆင်မပြေခဲ့ပါဘူး။Rahimရဲ့ရည်းစားကတော့ အိတ်ကိုသိမ်းထားဖို့ပြောပေမဲ့
Rahimက ပိုင်ရှင်ကိုရှာကာ ရွှေတွေကိုပြန်ပေးခဲ့တယ်။ဒီအကြောင်းကိုထောင်အာဏာပိုင်တွေကသိသွားပြီးတော့
ထောင်အပေါ်လူထုအကောင်းမြင်လာဖို့အတွက် Rahimလုပ်ရပ်အကြောင်းကို ရုပ်သံအစီအစဉ်တစ်ခုကို
ပြောပြခဲ့ပါတယ်။
ဒီလိုနဲ့Rahimဟာ အကြွေးမဆပ်နိုင်တဲ့လူတစ်ယောက်ဘဝကနေ လူတွေရဲ့Heroတစ်ယောက်အဖြစ်
ညတွင်းချင်းပြောင်းလဲသွားခဲ့တယ်။သူအကြွေးဆပ်နိုင်ပြီး ထောင်ကနေထွက်လာနိုင်ဖို့အတွက်
လူတွေကလဲပိုက်ဆံတွေလှုဒါန်းခဲ့တယ်။ဒါပေမဲ့Rahimအကြွေးရှင်ကတော့Rahimရဲ့ဇာတ်လမ်းက
လုပ်ကြံဖန်တီးထားတာလို့ အခိုင်အမာဆိုနေတဲ့အတွက် Rahimကလိမ်ညာနေတာဆိုတဲ့
ကောလဟာလတွေထွက်လာခဲ့တယ်။Rahimတစ်ယောက် သူ့ဖြူစင်မှုကိုသက်သေပြပြီးတော့
ထောင်ကနေထွက်လာနိုင်ပါ့မလားဆိုတာကိုကြည့်ရှုကြပါအုံး။
##zawgyi
ပြောပြခဲ့ပါတယ်။
Review – Myet Chel
File Size – 1GB,2.3GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
Upload on Youtube
Upload on Youtube
Leave a Reply