ဒီကားလေးကတော့ နာမည်အတိုင်း လူသတ်ကားပါ။
ကားအစမှာ John List ဆိုတဲ့လူက သူ့မိသားစုတစ်ခုလုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။အဲ့လိုဖြစ်ပြီး ၁၈ နှစ်ကြာတဲ့အထိ သူ့ကိုဘယ်သူမှ ဖမ်းမမိခဲ့ပါဘူး။
၁၈ နှစ်အကြာမှာ အဲ့လူက Bob ဆိုတဲ့ နာမည်နဲ့ နေရာသစ်တစ်ခုမှာ အခြေချနေခဲ့ပါတယ်။ တစ်ဖက်မှာတော့ Stepphili ဆိုတဲ့ကောင်မလေးက
ဘဲလေးအကလေ့ကျင့်ရင်း ခြေထောက်ထိမိသွားလို့ အိမ်မှာ အနားယူနေရပါတယ်။
Stepphili ကသူ့အဖေနဲ့ ၂ ယောက်တည်း အတူနေကြတာပါ။သူဟာ
အိမ်မှာ အနားယူနေတုန်း အိမ်နီးနားချင်းတွေကို လေ့လာစူးစမ်းခဲ့ပါတယ်။
အဲ့မှာ နေပုံထိုင်ပုံ ထူးဆန်းတဲ့ Bob ကို တွေ့ခဲ့ပြီး သူ့အိမ်ကနေ အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေခဲ့ပါတယ်။တစ်ရက် Stepphili ဖတ်နေတဲ့ မဂ္ဂဇင်းမှာJohn List ပုံကိုတွေ့ပြီး သူဟာ bob နဲ့ တစ်ယောက်တည်းဆိုတာ သိသွားပါတယ်။
ဒါပေမယ့် ၁၈ နှစ်ကြာပြီး ရုပ်ပြောင်းလဲမှုကြောင့် သူပြောတာကို ဘယ်သူမှမယုံခဲ့ပါဘူး။ နောက်တစ်ဖက်မှာ Frank ဆိုတဲ့စုံထောက်က John List အမှုကို လိုက်နေတဲ့သူပါ။ ဌာနက သူ့ကို အမှုပိတ်လိုက်ပေမယ့် သူကိုယ်ပိုင်အချိန်တွေမှာ John List အကြောင်း ရှာဖွေနေတဲ့သူပါ။
ကားတစ်ကားလုံးကို အေးအေးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။နောက်ဆုံးမှာ Bob က John List ဆိုတာ ဘယ်လို ဖော်ထုတ်သွားမလဲဆိုတာကိုတော့ ရုပ်ရှင်ကို ဆက်ကြည့်ပေးနော်။
Leave a Reply