Abducted (2020)
****************
ခုတခါတင်ဆက်ပေးမယ့် ကားလေးကတော့ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ abductedဆိုတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Abducted (ပြန်ပေးဆွဲခြင်း)ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်း ၇နှစ်အရွယ်သမီးလေး ပြန်ပေးဆွဲခံလိုက်ရတဲ့အပေါ် အခြေခံပြီး သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ပြထားပါတယ်။
ဇာတ်လမ်းလေးကတော့ ဒိန်းဟန့်ထ်ဆိုတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်မှာ ၇နှစ်အရွယ်သမီးကလေးတစ်ယောက်ရှိပါတယ်။ မိခင်ဆုံးပါးသွားရှာပြီး ဖခင်ကလည်း အလုပ်ထွက်လုပ်နေရတာကြောင့် သမီးကလေးကို ဦးဦးဂေးစုံတွဲတို့က စောင့်ရှောက်ထားပါတယ်။ တစ်ရက်မှာ ရုတ်တရက် သမီးကလေးကို ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာ သမီးချစ်ဖေဖေတစ်ယောက် ဘလိုတွေခံစားမလဲ။ ရဲတွေက လိုက်လံရှာဖွေနေပေမယ့်လည်း မတွေ့နိုင်ဖြစ်နေတဲ့အခါ သမီးလေးရဲ့ ဖေဖေကိုယ်တိုင် ပါဝင်လာခဲ့ပါတယ်။ ရဲတွေကတော့ သူမဦးလေးစမစ်ဆိုသူကို တရားခံအဖြစ် ခေတ္တဖမ်းဆီးလိုက်ပါတယ်။ နောက်ဆုံး ထိုဦးလေးစမစ်က တကယ့်တရားခံအစစ်လား??? ဒါမှမဟုတ် တခြားသူလား??? ရဲတွေကကော သမီးကလေးကို ရှာတွေ့နိုင်ခဲ့ရဲ့လား??? သမီးကလေးအသက်ကောရှင်ရဲ့လား??? ဆိုတာတွေကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ကလေးပြန်ပေးဆွဲခံရတဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်ခံစားမှု၊ ရှာမတွေ့နိုင်ဖြစ်နေတဲ့ စုံထောက်တွေရဲ့ စိတ်ခံစားမှု စတာတွေကို ကောင်းကောင်းကြီးတင်ပြထားတာ ဖြစ်လို့ ဆက်ဆက် ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။
Leave a Reply