The mask ဇာတ်ကားနဲ့သိကြတဲ့ ဟာသမင်းသားကြီး jim carry ရဲ့ ဟာသကားကောင်းလေးပါ Ace venture လို့ခေါ်တဲ့ တိရိစ္ဆာန်ပျောက်ဆုံးမှု့တွေကိုပဲ သီးသန့်လိုက်စုံစမ်းပေးတဲ့ လူတစ်ယောက် စုံစမ်းထောက်လှမ်းရာမှာတော်သော်လည်း ပြောင်ချော်ချော် မျက်နှာပေးကြောင့် လူတွေသိပ်ကြည့်မရတဲ့လူတစ်ယောက် ပမာမခန့်လုပ်ရပ်တွေနဲ့ ဒုရဲအုပ်လိုလူမျိုးကိုတောင် ပြန်လှောင်ရဲတဲ့လူတစ်ယောက် အဲ့လိုလူတစ်ယောက် ဘောလုံးအသင်းရဲ့ လာဘ်ကောင် လင်းပိုင်ပျောက်ဆုံးမှု့ကို လိုက်လံ စုံစမ်းသောအခါ လူသတ်မှု့၊ မိန်းမချော ၊ မထင်မှတ်ထားတဲ့တရားခံ စတဲ့ အလှည့်အပြောင်းများစွာနဲ့ ဇာတ်ကားဆုံးသည်အထိ ရယ်မောရင်း ခံစားသွားရမယ့် စုံထောက်ဟာသကားကောင်းလေးပါ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြည့်ရှု့လိုက်ပါဦး။ IMDB rating 6.9 အထိ ရထားတဲ့ ဇာတ်ကားပါ။
Leave a Reply