##unicode
All Quiet On the Western Front” ဆိုတဲ့ဇာတ်ကားလေးကတော့ Erich Maria Remarque ဆိုတဲ့
ပထမကမ္ဘာစစ်အတွင်းက ဂျာမန်စစ်ပြန်တစ်ဦးရဲ့နာမည်ကြီးဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်
ဒီထဲမှာဆိုရင်ဂျာမန်စစ်သားတွေရဲ့ကြုံတွေ့ရတဲ့အခက်အခဲဒုက္ခတွေ၊ စိတ်ဖိအားတွေကို
အများဆုံးတင်ပြထားပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်တင်ပြပုံကောင်းမှုနဲ့ စစ်ပွဲရဲ့သဘောကို
ဆန့်ကျင်တဲ့မက်ဆေ့ခ်ျမျိုးဖော်ပြထားတာကြောင့်ဝေဖန်သူတွေရဲ့မှတ်ချက်ကောင်းတွေကိုလည်းရရှိခဲ့ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ပေါလ်ဘိုမာဆိုတဲ့ကောင်လေးနဲ့သူ့ရဲ့သူငယ်ချင်းတွေဟာ သာမန်လူငယ်တွေလိုပဲ
စိတ်အားတက်ကြွတဲ့ နိုင်ငံကိုချစ်တဲ့လူငယ်လေးတွေပေါ့ ဒီလိုနဲ့စစ်ကြီးဖြစ်တဲ့အခါ နိုင်ငံကိုကာကွယ်မယ်ဆိုပြီး
စစ်တပ်ထဲကိုဝင်ဖို့ စာရင်းပေးလိုက်ကြပါတယ် အတွေ့အကြုံမရှိ၊ လက်နက်အင်အားမလုံလောက်နဲ့
ပေါလ်တို့သူငယ်ချင်းတစ်စုဟာအန္တရာယ်များတဲ့ရှေ့တန်းကိုစေလွှတ်ခံလိုက်ရပါတယ်
အဲဒီအချိန်ကျမှပဲစစ်ပွဲရဲ့အကျည်းတန်မှု၊ ဒုက္ခတွေကိုလက်တွေ့ကျကျခံစားရပါတော့တယ်
တိုက်ပွဲအတွေ့အကြုံမရှိတဲ့အပြင်ငယ်ရွယ်သေးတဲ့ဒီစစ်သားတွေဟာဘယ်လိုဒုက္ခတွေကို
ရင်ဆိုင်ကျော်ဖြတ်သွားရမလဲ ပေါလ်နဲ့သူ့သူငယ်ချင်းတွေရော သူတို့အိမ်ကိုပြန်လာနိုင်ပါ့မလားဆိုတာကိုတော့
ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Leave a Reply