##unicode
အခုဇာတ်ကားက Animal planet တို့ Discovery channel တို့ကြည့်တာကို ကြိုက်တဲ့သူတိုင်း အဲ့အငွေ့အသက်ကို ခံစားရမှာပါ
လူခြောက်ယောက်ပါတဲ့ သုတေသနပညာရှင် အသင်းတစ်ခုက ဘောနီယိုထဲက တောရိုင်းထဲမှာ
Perrinnia Immortalis လို့ခေါ်တဲ့ ကြက်သွေးရောင် သစ်ခွပန်းကို ရှာဖို့ လှေစင်းလုံးငှားပြီး ထွက်ခဲ့ကြတယ်
သူတို့က အဲ့ပန်းမှာပါတဲ့ ဓာတုပစ္စည်းတွေက လူတွေကို နုပျိုငယ်ရွယ်စေပြီး အသက်ရှည်ရှည် နေနိုင်မယ်လို့
စစ်ဆေးချက်တွေအရ ခန့်မှန်းထားကြတယ်
နောက်တစ်နေ့ညရောက်တော့ သူတို့မုန်တိုင်းနဲ့တိုးပြီး မုန်တိုင်းကြောင့်
ပျက်စီးပြိုကျနေတဲ့ သစ်လုံးတွေက သူတို့ရဲ့စက်လှေမော်တာကို ထိမိပြီး မောင်းမရတော့ဘဲ
ရေတံခွန်ကနေပြုတ်ကျကုန်တာပေါ့ အဲဒီအချိန်ထဲက သူတို့နောက်ကို Anaconda ဆိုတဲ့
ဧရာမ မြွေအကြီးကြီး လိုက်နေတယ်ဆိုတာ တစ်ယောက်မှ သတိမထားမိခဲ့ကြပါဘူး
ဒီတော့ သူတို့ လေ့လာရေးခရီးက လမ်းတစ်လျှောက်မှာ အဲဒီAnaconda မြွေတွေနဲ့ဘယ်လိုရင်ဆိုင်သွားမလဲ
အောင်မြင်စွာနဲ့ပဲ ပြီးဆုံးသွားမလားဆိုတာ…..
ဒီကားကိုကြည့်ခြင်းဖြင့် လူတွေရဲ့ လိုလောဘက ကိုယ့်ကို ဘယ်လိုတန်ပြန်သက်ရောက်နိုင်သလဲဆိုတာ
ပညာပေးအနေနဲ့ ထည့်ထားပါသေးတယ်
##zawgyi
Review – Thei Su
File Size – 1.5GB
Format…mp4
Quality : 1080p Blu-ray
Genre :Action, Adventure, Horror
Subtitle : Myanmar Subtitle (softsub)
Translated by Thei Su
Encoded by Arrow
Upload on Youtube
Leave a Reply