##unicode
ဒီတစ်ခေါက်မှာတော့ Army of Thieves ဆိုတဲ့ Action Comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ဆီဘက်ရှန်ဟာဘဏ်ဝန်ထမ်းအနေနဲ့သာမန်ဘဝကိုဖြတ်သန်းနေသူဖြစ်ပြီး
မီးခံသေတ္တာတွေကိုသော့ဖြည်တာ ဖောက်ထွင်းတာကိုဝါသနာကြီးသူဖြစ်ပါတယ်
တစ်ရက်မှာတော့ဆီဘက်ရှန်ဟာထူးဆန်းတဲ့ကမ်းလှမ်းချက်တစ်ခုကိုရပြီး မီးခံသေတ္တာဖွင့်တဲ့ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ဖြစ်သွားပါတယ်
အဲ့ဒီနောက်မှာတော့ဂွမ်ဆိုတဲ့ကောင်မလေးဟာဆီဘက်ရှန်ရဲ့ဘဝထဲကိုဝင်ရောက်လာပြီး
သမာရိုးကျဆန်လွန်းတဲ့ဘဝကြီးကိုပြောင်းလဲပေးပါတော့တယ်
အဲ့တာကတော့ဒဏ္ဍာရီထဲကမီးခံသေတ္တာပညာရှင်ကြီးဟန်စ်ဝါနာရဲ့မီးခံသေတ္တာလေးလုံးကိုဖွင့်ဖို့အတွက်ကမ်းလှမ်းလာတာပါ
ဒါပေမယ့်ဒီမီးခံသေတ္တာကြီးတွေဟာလုံခြုံရေးအဆင့်မြင့်တဲ့ဘဏ်ကြီးတွေမှာရှိနေတဲ့အတွက်တရားမဝင်တဲ့အပြင်
အရမ်းကိုအန္တရာယ်များတဲ့အလုပ်ကြီးတစ်ခုဖြစ်နေပါတော့တယ် ဆီဘက်ရှန်တစ်ယောက်ကမ်းလှမ်းချက်ကိုလက်ခံလိုက်မှာလား
ဘယ်လိုအန္တရာယ်တွေကိုစွန့်စားကျော်လွှားရဦးမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1GB,2.4GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre : Action,Comedy,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
Upload on Youtube
Upload on Youtube
Leave a Reply