အခုတင်ဆက်မှာကတော့ Disney ကအသစ်ထွက်ရှိလာတဲ့ သဘာ၀လွန်ကားလေးပါ
ငယ်ငယ်က ကလေးတွေကိုအိပ်ရာ၀င်ပုံပြင်အဖြစ်ပြောပြဖူးတယ်
နတ်သမီးပုံပြင်ထဲက နတ်သူငယ်လေးတွေအကြောင်းပါပဲ
ဒါပေမယ့် နတ်သူငယ်လေးတွေက ဒဏ္ဌာရီထဲကလိုမျိုး မဟုတ်တော့ပဲ
လူသားကမ္ဘာတိုးတက်ပြောင်းလဲလာသလို သူတို့တွေလဲ Updateတွေမြင့်လာပါတယ်
ဇာတ်ကြောင်းကတော့ ပြတိုက်တွေက ရှေးဟောင်းပစ္စည်းတွေပျောက်ဆုံးတာနဲ့ ပတ်သက်ပြီးအစပြုထားပါတယ်
အဓိကဇာတ်ကောင် သား အာတီးမစ်ဖဲလ်နဲ့ အဖေအားတီးမစ်ဖဲလ်တို့ကို စီနီယာ ဂျူနီယာပဲ ခွဲသုံးထားပါတယ်
စီနီယာအာတီးမစ်ဖဲလ်ကတော့ ရှေးဟောင်းပစ္စည်းအရောင်းအ၀ယ်သမားအဖြစ် လူတွေသိထားကြပါတယ်
သူဟာသားဖြစ်သူကိုငယ်ငယ်ကတည်းက နတ်သူငယ်တွေ မကောင်းဆိုးဝါးတွေ မှင်စာတွေအကြောင်းကို
အသေးစိတ်ပြောပြပြီး ယုံတမ်းမဟုတ်ကြောင်းတကယ်အမှန်ဖြစ်ကြောင်းတစ်ထပ်ထပ်ပြောပါတယ်
တစ်နေ့စီနီယာ အာတီးမစ်ဖဲလ် အလုပ်ကိစ္စနဲ့ခါတိုင်းလို ခရီးထွက်နေတုန်း သတင်းကနေ အာတီးမစ်ဖဲလ်ဟာ
ရှေးဟောင်းအမွေအနှစ်တွေခိုးယူသူဆိုပြီးပါလာပါတော့တယ်
သူ့သားဂျူနီယာ အားတီးမစ်လဲ အဖေ ဖြစ်သူကိုကယ်တင်ဖို့ကျိုးစားရင်း
သူ့အဖေပြောခဲ့တဲ့အရာတွေအမှန်ဖြစ်ကြောင်းသိလာရတဲ့အခါ
နတ်သူငယ်ကမ္ဘာမှာဘာတွေဖြစ်ပျက်နေလဲ
စီနီယာ အာတီးမစ်ကို ဂျူနီယာအာတီးမစ်လေး ကယ်တင်လိုက်နိုင်မလား
စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
Review – ACP
File Size – 1.3GB
Format…mp4
Quality : 1080p WEB-DL
Duration…1h 35min
Genre :Adventure, Family, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by ACP
Encoded by Arrow
Leave a Reply