##unicode
Jillဟာ Noahဆိုတဲ့ဆယ်ကျော်သက်အရွယ်သားတစ်ယောက်နဲ့ Matildaဆိုတဲ့၁၀နှစ်သမီးလေးကို
ပြုစုပျိုးထောင်နေရတဲ့ အမေတစ်ယောက်ဖြစ်ပါတယ်။သူမရဲ့အမှားတွေကြောင့် ကလေးတွေကိုအဖွားဖြစ်သူက
ဥပဒေအရစောင့်ရှောက်ခွင့်ရထားပေမဲ့ Jillတစ်ယောက်ဟာကလေးတွေကို စောင့်ရှောက်ခွင့်ပြန်ရဖို့ကြိုးစားနေဆဲပါ။
တစ်နေ့မှာတော့ ကမ္ဘာကြီးတစ်ခုလုံး လျှပ်စစ်စွမ်းအားတွေပြတ်တောက်သွားပြီးတော့ လူတွေဘယ်သူမှ မအိပ်နိုင်တော့တဲ့
ထူးဆန်းတဲ့ဖြစ်ရပ်ဆန်းကြီးဖြစ်ပွားခဲ့တယ်။ဒါပေမဲ့ Jillရဲ့သမီးလေး Matildaကတော့ ထူးခြားစွာ အများနဲ့မတူဘဲပုံမှန်အတိုင်းအိပ်စက်နိုင်ခဲ့တယ်။
ရက်ပေါင်းမျာစွား မအိပ်ရတာကြောင့် လူတွေရဲ့စိတ်ခြောက်ချားမှုဖြစ်စဉ်တွေက တစ်စတစ်များပြားလာခဲ့တယ်။
Matildaအိပ်ပျော်နိုင်တဲ့အကြောင်းသိသွားတဲ့လူတွေဟာ Jillဆီကနေ သူ့သမီးလေးကိုလုယူဖို့ကြိုးစားတဲ့အတွက်
Jillတစ်ယောက်သမီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်။
လူတွေမအိပ်ပျော်နိုင်တော့ဘဲ ရူးသွပ်ပြီးအချင်းချင်းတိုက်ခိုက်သေဆုံးကြမဲ့ဖြစ်စဉ်ကို
Jillတစ်ယောက်ဘယ်လိုတားမလဲ။သူမမိသားစုကိုရောကာကွယ်နိုင်ပါ့မလားဆိုတာကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 2GB,1GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action, Adventure, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
Upload on Youtube
Leave a Reply