Exit print mode Print Data A+ A- Undo all

Babli Bouncer (2022)

Babli Bouncer (2022)Babli Bouncer (2022)

Synopsis:

##unicode

ဒီတစ်ခေါက်ကတော့ 2022ကမှထွက်ရှိထားတဲ့ Babli Bouncerဆိုတဲ့ ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
(Bouncerဆိုတာ ကလပ်တွေမှာနှောင့်ယှက်သူတွေကို ထိန်းပြီး အပြင်ပို့ပေးရတဲ့ အစောင့်တွေပါ)။Bouncersအတော်အများကတော့
အမျိုးသားတွေလို့ပဲ သိထားတာပါ။ဒါပေမဲ့ ဒီကားလေးကတော့ အမျိုးသမီး bouncerတစ်ယောက်ရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဘာဘလီဟာ ဒေလီရဲ့အစွန်အဖျားက ရွာလေးတစ်ရွာကပါ။သူကမိန်းမလည်းမဆန်၊အလှအပလည်းမပြင်၊စာလည်းမလုပ်၊တစ်ခါစားရင် ဂျပါတီ၁၂ချပ်၊
လူရှေ့သူရှေ့မရှောင်လေချဉ်တက်တယ်၊လွတ်လွတ်လပ်လပ်ပျော်ရပါးရတာကို သဘောကျတဲ့ရွာသူမိန်းမကြမ်းလေးပေါ့။
သူ့အိမ်ကလည်း သူ့ကိုအတင်းယောက်ျားပေးစားချင်နေတာပါ။အဲ့လိုနဲ့တစ်နေ့မှာ ဘာဘလီမှာဒေလီက သူ့ဆရာမရဲ့သား အင်္ဂလန်ပြန်ဗီရာ့ဂျ်နဲ့
တွေ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။အဲ့လိုနဲ့ ဗီရာ့ဂျ်နဲ့တွေ့ရဖို့ ဒေလီကိုလာပြီး သူ့ရွာကလူတွေ အလုပ်လုပ်တဲ့ကလပ်မှာအမျိုးသမီး bouncerအနေနဲ့
ဝင်လုပ်ခဲ့ပါတယ်။တစ်နေ့မှာ ဗီရာ့ဂျ်ကို သူ့ရဲ့အချစ်တွေ ဖွင့်ဟဝန်ခံလိုက်တဲ့အချိန်မှာတော့ ဗီရာ့ဂျ်က သူ့ရဲ့အားနည်းချက်တွေကို ထောက်ပြပြီး
ပစ်ပစ်ခါခါပြောခဲ့ပါတယ်။အဲ့အချိန်ကစပြီး ဘာဘလီဟာသူ့ကိုယ်သူပြန်ဆန်းစစ်ခဲ့ပါတယ်။သူ့ကိုအဲ့လိုပြောပြပေးခဲ့တဲ့အတွက် ဗီရာ့ဂျ်ကိုလည်း
ကျေးဇူးတင်နေတာပါ။ဒါပေမဲ့သူဟာ သူ့နဂိုပုံစံကိုမပြောင်းခဲ့ဘူး၊ အလှတွေလည်း ထူးမပြင်ခဲ့ဘူး။စာကိုပဲ အလုပ်လုပ်ရင်း ဆက်လေ့လာတယ်။
သူ့နဂိုပုံစံလေးအတိုင်းပဲအကျိုးရှိတာတွေကိုလုပ်တယ်။နောက်ပိုင်း ဗီရာ့ဂျ်ကသူ့ကို သဘောကျပါတယ် ပြောလာတဲ့အခါမှာကော
သူ့ရဲ့အတွေးအခေါ်တွေနဲ့ ဘယ်လိုတွေတုံ့ပြန်မလဲ။လက်ခံမှာလား၊ငြင်းပယ်မှာလား ဆိုတာကို
စိတ်ဝင်တစားကြည့်ရှု့ရမယ့် ဇာတ်ကားလေးပါ။

ဒီဇာတ်ကားပုံစံမျိုးကတကယ်ကိုကောင်းပါတယ်။တစ်ချို့ဇာတ်တွေဆို မင်းသားကအဲ့လိုပြောလိုက်ရင်အလှတွေပြင်လိုက်တာတို့၊
ကိုယ့်ပုံစံကို ချိန်းလိုက်တာတို့ ရှိတယ်။ဒီကားလေးကတော့တကယ်ဇာတ်ညွှန်းကို လက်ဖျားခါပါတယ်။ဇာတ်ညွှန်းကကောင်း၊မင်းသမီးကလည်းသရုပ်ဆောင်ကောင်းနဲ့
female strong typeကို လှလှပပကို ပုံဖော်သွားတာ။အဆုံးသတ်messageကတော့ “just be yourself”ပေါ့။တကယ်ကို ပရိတ်သတ်အကြိုက်တွေ့မယ့် ကားပါ။
(မင်းသမီးက အဲ့လိုပုံစံမလို့ ရုပ်ဆိုးတယ် မထင်နဲ့။အသေလှတာနော်။ဘာဟူဘလီကားကြည့်ဖူးတဲ့လူဆို သိတယ် ဘာဟူဘလီရဲ့ရည်းစားလေး)

##zawgyi

ဒီတစ္ေခါက္ကေတာ့ 2022ကမွထြက္ရွိထားတဲ့ Babli Bouncerဆိုတဲ့ ဇာတ္လမ္းေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။
(Bouncerဆိုတာ ကလပ္ေတြမွာေႏွာင့္ယွက္သူေတြကို ထိန္းၿပီး အျပင္ပို႔ေပးရတဲ့ အေစာင့္ေတြပါ)။Bouncersအေတာ္အမ်ားကေတာ့
အမ်ိဳးသားေတြလို႔ပဲ သိထားတာပါ။ဒါေပမဲ့ ဒီကားေလးကေတာ့ အမ်ိဳးသမီး bouncerတစ္ေယာက္ရဲ႕ဇာတ္လမ္းေလးျဖစ္ပါတယ္။

ဘာဘလီဟာ ေဒလီရဲ႕အစြန္အဖ်ားက ႐ြာေလးတစ္႐ြာကပါ။သူကမိန္းမလည္းမဆန္၊အလွအပလည္းမျပင္၊စာလည္းမလုပ္၊တစ္ခါစားရင္ ဂ်ပါတီ၁၂ခ်ပ္၊
လူေရွ႕သူေရွ႕မေရွာင္ေလခ်ဥ္တက္တယ္၊လြတ္လြတ္လပ္လပ္ေပ်ာ္ရပါးရတာကို သေဘာက်တဲ့႐ြာသူမိန္းမၾကမ္းေလးေပါ့။
သူ႔အိမ္ကလည္း သူ႔ကိုအတင္းေယာက္်ားေပးစားခ်င္ေနတာပါ။အဲ့လိုနဲ႔တစ္ေန႔မွာ ဘာဘလီမွာေဒလီက သူ႔ဆရာမရဲ႕သား အဂၤလန္ျပန္ဗီရာ့ဂ်္နဲ႔
ေတြ႕ၿပီး စိတ္ဝင္စားခဲ့ပါတယ္။အဲ့လိုနဲ႔ ဗီရာ့ဂ်္နဲ႔ေတြ႕ရဖို႔ ေဒလီကိုလာၿပီး သူ႔႐ြာကလူေတြ အလုပ္လုပ္တဲ့ကလပ္မွာအမ်ိဳးသမီး bouncerအေနနဲ႔
ဝင္လုပ္ခဲ့ပါတယ္။တစ္ေန႔မွာ ဗီရာ့ဂ်္ကို သူ႔ရဲ႕အခ်စ္ေတြ ဖြင့္ဟဝန္ခံလိုက္တဲ့အခ်ိန္မွာေတာ့ ဗီရာ့ဂ်္က သူ႔ရဲ႕အားနည္းခ်က္ေတြကို ေထာက္ျပၿပီး
ပစ္ပစ္ခါခါေျပာခဲ့ပါတယ္။အဲ့အခ်ိန္ကစၿပီး ဘာဘလီဟာသူ႔ကိုယ္သူျပန္ဆန္းစစ္ခဲ့ပါတယ္။သူ႔ကိုအဲ့လိုေျပာျပေပးခဲ့တဲ့အတြက္ ဗီရာ့ဂ်္ကိုလည္း
ေက်းဇူးတင္ေနတာပါ။ဒါေပမဲ့သူဟာ သူ႔နဂိုပုံစံကိုမေျပာင္းခဲ့ဘူး၊ အလွေတြလည္း ထူးမျပင္ခဲ့ဘူး။စာကိုပဲ အလုပ္လုပ္ရင္း ဆက္ေလ့လာတယ္။
သူ႔နဂိုပုံစံေလးအတိုင္းပဲအက်ိဳးရွိတာေတြကိုလုပ္တယ္။ေနာက္ပိုင္း ဗီရာ့ဂ်္ကသူ႔ကို သေဘာက်ပါတယ္ ေျပာလာတဲ့အခါမွာေကာ
သူ႔ရဲ႕အေတြးအေခၚေတြနဲ႔ ဘယ္လိုေတြတုံ႔ျပန္မလဲ။လက္ခံမွာလား၊ျငင္းပယ္မွာလား ဆိုတာကို
စိတ္ဝင္တစားၾကည့္ရႈ႕ရမယ့္ ဇာတ္ကားေလးပါ။

ဒီဇာတ္ကားပုံစံမ်ိဳးကတကယ္ကိုေကာင္းပါတယ္။တစ္ခ်ိဳ႕ဇာတ္ေတြဆို မင္းသားကအဲ့လိုေျပာလိုက္ရင္အလွေတြျပင္လိုက္တာတို႔၊
ကိုယ့္ပုံစံကို ခ်ိန္းလိုက္တာတို႔ ရွိတယ္။ဒီကားေလးကေတာ့တကယ္ဇာတ္ၫႊန္းကို လက္ဖ်ားခါပါတယ္။ဇာတ္ၫႊန္းက​ေကာင္း၊မင္းသမီးကလည္းသ႐ုပ္ေဆာင္ေကာင္းနဲ႔
female strong typeကို လွလွပပကို ပုံေဖာ္သြားတာ။အဆုံးသတ္messageကေတာ့ “just be yourself”ေပါ့။တကယ္ကို ပရိတ္သတ္အႀကိဳက္ေတြ႕မယ့္ ကားပါ။
(မင္းသမီးက အဲ့လိုပုံစံမလို႔ ႐ုပ္ဆိုးတယ္ မထင္နဲ႔။အေသလွတာေနာ္။ဘာဟူဘလီကားၾကည့္ဖူးတဲ့လူဆို သိတယ္ ဘာဟူဘလီရဲ႕ရည္းစားေလး)

Review – Thant Sin hnin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thant Sin hnin
Encoded by Arrow
=================================================================================

GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)

GDtotဒေါင်းနည်း

(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)

Mega.nz Link ဒေါင်းနည်း

Gdrive Linkဒေါင်းနည်း

Original title
Babli Bouncer
Director
Madhur Bhandarkar
Stars
Abhishek Bajaj, Karan Singh Chhabra, Priyam Saha, Sahil Vaid, Saurabh Shukla, Supriya Shukla, Tamannaah Bhatia, Yamini Das
Release Date
23 Sep 2022
Rated
N/A
Runtime
N/A
Awards
N/A
Country
India
Budget
USD $
Warning: number_format() expects parameter 1 to be float, string given in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/single/movies_print.php on line 104
Revenue
USD $
Warning: number_format() expects parameter 1 to be float, string given in /home/alphhehb/public_html/wp-content/themes/grifus4.0.1/includes/single/movies_print.php on line 110
Popularity
33.208
Status
Released
ID IMDb.com
tt19838608
IMDB Rating
N/A
IMDB votes
N/A
ID Themoviedb.org
1002082
TMDb Rating
8.5
TMDb votes
2