##unicode
ဒီဇာတ်ကားကတော့ ထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်နဲ့အချစ်ဇာတ်ကားကောင်းလေးလို့ပြောလို့ရပါတယ်
Living together relationshipကို အဓိကအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပဲဖြစ်ပြီး
အချစ်ကားဆိုတာထက် သင်ခန်းစာပညာရစရာ လက်တွေ့ဆန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို
ရည်ရွယ်ဖော်ပြချင်တဲ့ဇာတ်ကားကောင်းဖြစ်လို့ ကြည်နူးစရာ၊ ဝမ်းနည်းစရာ ခံစားချက်ရသပေါင်းစုံပေးပြီး
ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမယ့်ကားပါ
ဇာတ်လမ်းအကျဉ်းလေးကြည့်လိုက်ရအောင်
ခေတ်မှီတိုးတတ်လာတဲ့ခေတ်ကြီးမှာ Living together relationshipဆိုတာ မြို့ပြမှာမဆန်းတော့ပါဘူး
ဒါပေမယ့် မြို့ပြရဲ့အရသာကိုမထိတွေ့မခံစားဖူးတဲ့ ဒါလင်ဆိုတဲ့ ရွာသားတစ်ယောက် မြို့မှာ
အလုပ်လာလုပ်တဲ့အခါ ဒီလို relationshipမျိုးကိုတောင့်တခဲ့ပါတယ်
ဆူဘူးဆိုတဲ့မိန်းကလေးကတော့ ခေတ်မှီတဲ့မိန်းကလေးပေါ့
ဒါလင်ရဲ့သူငယ်ချင်း နင်မီတို့စုံတွဲနဲ့ ဆူဘူးက တိုက်ခန်းအတူငှားနေခဲ့ပါတယ်
ဒါလင်က ဆူဘူးကိုကြွေသွားပြီးတဲ့နောက်မှာ နင်မီ့အနောက်ကိုကပ်ကပ်လိုက်ပြီး
သူတို့တိုက်ခန်းမှာပဲအချိန်ဖြုန်းခဲ့ပါတယ် နင်မီတို့ နိုင်ငံခြားကိုထွက်သွားချိန်မှာ
ဒါလင်နဲ့ဆူဘူး တိုက်ခန်းမှာ ၂ယောက်တည်းနေခဲ့ပြီး အိုးချင်းထားအိုးချင်းငြှိဆိုသလို
သူတို့နှစ်ယောက်ငြှိသွားပြီး Living togetherအခြေအနေကိုရောက်သွားခဲ့ပါတယ်
ဒါလင်ရဲ့မိသားစုတွေနဲ့သူငယ်ချင်းတွေက ရွာကဖြစ်ပြီး ဒါမျိုးတွေကိုလက်ခံမှာမဟုတ်လို့
ဆူဘူးအကြောင်းကို ဒါလင်ကသိုဝှက်ထားခဲ့ပါတယ် ဒီလိုနဲ့ သူတို့ဆက်ဆံရေးပိုပြီးလေးနက်လာတဲ့အခါမှာ
အချစ်ဆိုတာဘာမှန်းမသိဘဲ စိတ်သာယာဖို့ ဆူဘူးကိုတွဲခဲ့တဲ့ ဒါလင်တစ်ယောက်
ဘယ်လိုလုပ်ရပ်တွေကိုကျူးလွန်လာမလဲ ဆူဘူးတစ်ယောက်
ဘယ်လိုဒုက္ခတွေကိုကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားမှာခံစားအားပေးကြပါဦးနော်
##zawgyi
ဒီဇာတ္ကားကေတာ့ ထူးျခားတဲ့ဇာတ္လမ္းဇာတ္ကြက္နဲ႔အခ်စ္ဇာတ္ကားေကာင္းေလးလို႔ေျပာလို႔ရပါတယ္
Living together relationshipကို အဓိကအေျခခံ႐ိုက္ကူးထားတဲ့ဇာတ္ကားေကာင္းပဲျဖစ္ၿပီး
အခ်စ္ကားဆိုတာထက္ သင္ခန္းစာပညာရစရာ လက္ေတြ႕ဆန္တဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြကို
ရည္႐ြယ္ေဖာ္ျပခ်င္တဲ့ဇာတ္ကားေကာင္းျဖစ္လို႔ ၾကည္ႏူးစရာ၊ ဝမ္းနည္းစရာ ခံစားခ်က္ရသေပါင္းစုံေပးၿပီး
ဇာတ္လမ္းအဆုံးထိဆြဲေခၚသြားမယ့္ကားပါ
ဇာတ္လမ္းအက်ဥ္းေလးၾကည့္လိုက္ရေအာင္
ေခတ္မွီတိုးတတ္လာတဲ့ေခတ္ႀကီးမွာ Living together relationshipဆိုတာ ၿမိဳ႕ျပမွာမဆန္းေတာ့ပါဘူး
ဒါေပမယ့္ ၿမိဳ႕ျပရဲ႕အရသာကိုမထိေတြ႕မခံစားဖူးတဲ့ ဒါလင္ဆိုတဲ့ ႐ြာသားတစ္ေယာက္ ၿမိဳ႕မွာ
အလုပ္လာလုပ္တဲ့အခါ ဒီလို relationshipမ်ိဳးကိုေတာင့္တခဲ့ပါတယ္
ဆူဘူးဆိုတဲ့မိန္းကေလးကေတာ့ ေခတ္မွီတဲ့မိန္းကေလးေပါ့
ဒါလင္ရဲ႕သူငယ္ခ်င္း နင္မီတို႔စုံတြဲနဲ႔ ဆူဘူးက တိုက္ခန္းအတူငွားေနခဲ့ပါတယ္
ဒါလင္က ဆူဘူးကိုေႂကြသြားၿပီးတဲ့ေနာက္မွာ နင္မီ့အေနာက္ကိုကပ္ကပ္လိုက္ၿပီး
သူတို႔တိုက္ခန္းမွာပဲအခ်ိန္ျဖဳန္းခဲ့ပါတယ္ နင္မီတို႔ ႏိုင္ငံျခားကိုထြက္သြားခ်ိန္မွာ
ဒါလင္နဲ႔ဆူဘူး တိုက္ခန္းမွာ ၂ေယာက္တည္းေနခဲ့ၿပီး အိုးခ်င္းထားအိုးခ်င္းျငႇိဆိုသလို
သူတို႔ႏွစ္ေယာက္ျငႇိသြားၿပီး Living togetherအေျခအေနကိုေရာက္သြားခဲ့ပါတယ္
ဒါလင္ရဲ႕မိသားစုေတြနဲ႔သူငယ္ခ်င္းေတြက ႐ြာကျဖစ္ၿပီး ဒါမ်ိဳးေတြကိုလက္ခံမွာမဟုတ္လို႔
ဆူဘူးအေၾကာင္းကို ဒါလင္ကသိုဝွက္ထားခဲ့ပါတယ္ ဒီလိုနဲ႔ သူတို႔ဆက္ဆံေရးပိုၿပီးေလးနက္လာတဲ့အခါမွာ
အခ်စ္ဆိုတာဘာမွန္းမသိဘဲ စိတ္သာယာဖို႔ ဆူဘူးကိုတြဲခဲ့တဲ့ ဒါလင္တစ္ေယာက္
ဘယ္လိုလုပ္ရပ္ေတြကိုက်ဴးလြန္လာမလဲ ဆူဘူးတစ္ေယာက္
ဘယ္လိုဒုကၡေတြကိုႀကဳံေတြ႕ရမလဲဆိုတာ ဒီဇာတ္ကားမွာခံစားအားေပးၾကပါဦးေနာ္
Review – Hmue
File Size – 1.3GB,2.6GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
Leave a Reply