Exit print mode Print Data A+ A- Undo all

Bacurau

BacurauBacurau

Synopsis:

Bacurau (2019)
===================================
IMDb 7.6 , Rotten Tomatoes 91% ရထားတဲ့ ပေါ်တူဂီ ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လေးက အေးအေးလေးနဲ့ အပြီးထိဆွဲခေါ်သွားနိုင်တဲ့ ကားလေးတစ်ကားပါ။

Bacurau ဆိုတဲ့ စိတ်ကူးယဉ် ရွာလေးတစ်ရွာအကြောင် းရိုက်ကူးထားတာပါ။ ရွာက ဘယ်လောက်သေးလဲဆိုရင် မြေပုံမှာ ရှာရင်တောင် မရှိပါဘူးတဲ့။ ဇာတ်လမ်းလေးကို ရွာရဲ့ခေါင်းဆောင်အမျိုးသမီး နာရေးပို့ဆောင်တာနဲ့ အစပြုထားတာပါ။ ရွာရဲ့အတိုက်အခံ ခေါင်းဆောင်မရှိတော့ တခြားနီးစပ်တဲ့မြို့က လာပြီး သိမ်းသွင်းကြတာပေါ့။ အဓိကက မဲပေးဖို့ပါ။ ဒါပေမဲ့ ရွာသားတွေကလည်း မကောင်းတဲ့မြို့တော်ဝန်ကို ဘယ်လိုမှမဲမပေး အတိုက်အခံလုပ်မြဲ လုပ်ဆဲပေါ့။ အဲ့ဒါနဲ့ ကြေးစားလူသတ်သမားအဖွဲ့ကိုခေါ်ပြီး ရွာလုံးကျွတ် ရွာကိုပျောက်အောင်လုပ်ဖို့ စီစဉ်တဲ့အခါမှာတော့ ရွာသားတွေကဘယ်လို စည်းစည်းလုံးလုံးနဲ့ ပြန်လည် ခုခံတိုက်ခိုက် ရွာကို ကာကွယ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်။ ။

Ps – ၁၈ နှစ်နဲ့အထက် ဇာတ်ကွက်လေးတွေလည်း တစ်ခန်းစ နှစ်ခန်းစပါပြီး သေနတ်မှန်တဲ့အခန်းတွေလည်း ပေါ်ပေါ်လွင်လွင်ရိုက်ထားတာမို့လို့ အသည်းငယ်တတ်သူတွေ ဂရုစိုက်ဖို့ မှာချင်ပါတယ်။

Original title
Bacurau
Director
Juliano Dornelles, Kleber Mendonça Filho
Stars
Bárbara Colen, Silvero Pereira, Thardelly Lima, Thomas Aquino
Release Date
19 Mar 2020
Rated
N/A
Runtime
131 min
Awards
17 wins & 8 nominations.
Country
Brazil, France
Budget
USD $0,00
Revenue
USD $0,00
Popularity
22.416
Status
Released
ID IMDb.com
tt2762506
IMDB Rating
7.6
IMDB votes
13,073
ID Themoviedb.org
446159
TMDb Rating
8.1
TMDb votes
450