##Unicode
ဒီတစ်ခေါက်မှာတော့အိန္ဒိယဟာသကားလေးတစ်ကားကိုရွေးချယ်ထားပါတယ်
ဇာတ်လမ်းအကြောင်းအရာလေးကတော့ဆူမီနဲ့ ဆာဒူလ်ဟာဆိုရင်လိင်တူချင်းချစ်ကြိုက်တဲ့သူတွေဖြစ်ပေမယ့်
မိသားစုကိုဖွင့်ပြောမထားတဲ့အတွက် သူတို့နှစ်ယောက်လုံးရဲ့မိသားစုတွေက
သူတို့ကိုလက်ထပ်ပြီးမိသားစုထူထောင်ဖို့အမြဲတမ်းဖိအားပေးနေကြပါတယ်
တစ်နေ့မှာတော့ဆာဒူလ်တစ်ယောက်ဆူမီနဲ့တွေ့ပြီးတော့ သူတို့နှစ်ယောက်လုံးရဲ့ပြဿနာကို
ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုစဉ်းစားမိသွားပါတယ် အဲ့ဒါကတော့သူတို့နှစ်ယောက်လက်ထပ်ဖို့ပါ မိသားစုတွေရဲ့
သံသယလည်းရှင်း နှစ်ယောက်လုံးလည်းကိုယ့်စိတ်ကြိုက်လွတ်လွတ်လပ်လပ်နေလို့ရနိုင်မယ့် တစ်ချက်ခုတ်နှစ်ချက်ပြတ်နည်းပေါ့
ဒါပေမယ့်ဆူမီတစ်ယောက်သူ့ချစ်သူကောင်မလေးရင်ဂျင်ကိုသူတို့နှစ်ယောက်အိမ်ကိုခေါ်လာတဲ့အချိန်မှာတော့
ပြဿနာတွေရှုပ်ထွေးကုန်ပါတော့တယ် ဆူမီနဲ့ဆာဒူလ်တို့နှစ်ယောက်လျှို့ဝှက်ချက်ကိုအဆုံးထိဖုံးကွယ်ထားနိုင်မှာလား
ဘယ်လိုပြဿနာတွေကြုံတွေ့ရဦးမှာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
Leave a Reply