##unicode
စားပွဲတင်တင်းနစ်ကစားရာမှာ ငယ်စဉ်တည်းက ပါရမီပါတဲ့ကောင်လေးတစ်ယောက်ရဲ့ ဘဝအချိုးကွေ့ပြောင်းလဲသွားပုံတွေကိုတော့ ဒီဇာတ်ကားမှာ ဟာသဆန်ဆန်လေးတွေ့မြင်ရမှာပါ။
၁၉၈၈ စားပွဲတင် တင်းနစ်ပြိုင်ပွဲမှာ နာမည်ကျော်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး ရန်ဒီဟာ မထင်မှတ်ဘဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲမှာ ရှုံးသွားခဲ့ရပါတယ်။ ဖြစ်ချင်တော့ သူ့အဖေကိုလည်း လျှို့ဝှက်ဒုစရိုက်အဖွဲ့က သတ်လိုက်ပါတယ်။
ဒီလိုနဲ့ နှစ်တွေကြာတော့ ရန်ဒီဟာ ဆိုင်တစ်ဆိုင်မှာ သူ့ရဲ့ပိုင်နိုင်တဲ့ စားပွဲတင်
တင်းနစ်ကစားနည်းနဲ့ လာစားတဲ့သူတွေကို ဖျော်ဖြေရင်းအသက်ဆက်နေရပါတယ်။
အဲ့အချိန်မှာ သူ့ဆီကို FBI က အေးဂျင့်တစ်ယောက်လာရှာကာ လျှို့ဝှက်စစ်ဆင်ရေးမှာ ပါဖို့အကူညီတောင်းခဲ့ပါတယ်။ အဲ့ဒီစစ်ဆင်ရေးဟာ သူ့အဖေကိုသတ်သွားခဲ့တဲ့ ဂိုဏ်းရဲ့ ခေါင်းဆောင်ကိုပစ်မှတ်ထားပြီးဖမ်းဖို့ပါပဲ။
ရန်ဒီတစ်ယောက် အစကတော့ လက်မခံခဲ့ပေမယ့် နောက်ဆုံးမှာတော့ စစ်ဆင်ရေးထဲပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။
အဲ့ဒီစစ်ဆင်ရေးမှာ ရန်ဒီတို့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ကြမလဲ။
ဘယ်သူရဲ့အကူညီတွေကို ယူပြီးရင်ဆိုင်ရမလဲ။
စစ်ဆင်ရေးကကော အောင်မြင်နိုင်မလားဆိုတာ….ကိုယ်တိုင်သာ ကြည့်ရှုလိုက်ပါနော်။
Comedy အမျိုးစားဖြစ်တာမို့ Covid ကာလအတွင်း အိမ်မှာနေရလို့ မွန်းကြပ်နေတဲ့ စိတ်တွေကို အမောပြေစေမှာအသေချာပါပဲ။
##zawgyi
Review – Yelo momo
File Size – 1.3GB
Format…mp4
Quality : 1080p
Duration… 1
Genre :Comedy, Crime, Sport
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yelo momo
Encoded by Arrow
Leave a Reply