##unicode
ဒီတစ်ခေါက်မှာတော့”Bangarraju (ဘန်ဂါရာဂျူး)ဆိုတဲ့အိန္ဒိယဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီကားလေးဟာဆိုရင် ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Soggade Chinni Nayana”ဆိုတဲ့
ကားလေးရဲ့အဆက်ဖြစ်ပါတယ် ပထမကားလေးတုန်းကလည်းလူကြိုက်များအောင်မြင်ခဲ့ပြီး
အခုဒီဒုတိယကားဟာဆိုရင်လည်း Box office မှာ ၆၃.၈၇ Crore အထိရရှိအောင်မြင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ ဘန်ဂါရာဂျူးတစ်ယောက်သူ့ရဲ့လူပြည်ကိုပြန်စဉ်အတွင်းလုပ်ခဲ့တဲ့ကောင်းမှုတွေကြောင့်ငရဲကနေကောင်းကင်ဘုံကို
ပြောင်းရွှေ့ခံလိုက်ရပါတယ် အဲ့ဒီအချိန်မှာသူ့ရဲ့သားဖြစ်သူရာမူနဲ့သီတာကလည်း မွေးလာတဲ့သူတို့သားလေးကို
အဘိုးနာမည်ဖြစ်တဲ့ဘန်ဂါရာဂျူးလို့ပဲပေးလိုက်ပါတယ် မြေးဖြစ်သူဘန်ဂါရာဂျူးဟာဆိုရင်နာမည်တင်တူတာ
မဟုတ်ဘဲ သူ့အဘိုးရဲ့အကျင့်ဆိုးတွေဖြစ်တဲ့မိန်းကလေးတွေနဲ့ပွေရှုပ်တာဘယ်အရာကိုမှအလေးအနက်မထားတာ
မျိုးတွေပါရှိနေပါတယ် ဒါကိုကောင်းကင်ဘုံကနေမြင်နေရတဲ့အဘိုးအဘွားတွေကစိတ်မချနိုင်ဘဲသူ့ရဲ့
ဘဝကြီးကိုပြုပြင်ဖို့ကြိုးစားပါတော့တယ်
တစ်ဖက်မှာလည်းဘုရားကျောင်းထဲကတန်ဖိုးကြီးရတနာတွေကိုခိုးယူဖို့ကြိုးစားနေတဲ့လူဆိုးတစ်သိုက်ကလည်း
ဘုရားကျောင်းရဲ့အစောင့်အရှောက်ဇာတာပါတဲ့ဘန်ဂါရာဂျူးကိုသတ်ဖြတ်ဖို့ကြံစည်နေပါတော့တယ်
အဘိုးဖြစ်သူဘန်ဂါရာဂျူးတစ်ယောက် သူ့မြေးဖြစ်သူဘဝကိုဘယ်လိုပြန်လည်တည့်မတ်သွားမလဲ
လူဆိုးတွေလက်ထဲကနေဘယ်လိုကယ်တင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်
ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
====================================================================
App ဒေါင်းရန်
မန်ဘာဝင်လိုသူများ
viber – 0969117714
Upload on Youtube
Leave a Reply