Barnyard 2006
ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ ကားလေးပါ
တောရွာက လယ်တော တစ်ခုမှာနေတဲ့ Otis ဆိုတဲ့နွားလေးဟာ ငယ်သူပီပီ ပျော်ပျော်နေတဲ့သူပေါ့
သူ့အဖေကတော့ သူတို့ Barnyard မှာ ခေါင်းဆောင် Ben ပါ Ben က သူ့သား Otis ကို သူ့လို ခေါင်းဆောင် တစ်ယောက် ဖြစ်လာစေချင်ပေမဲ့
Otis ကတော့ သူ့အဖေစကားတွေ နားမဝင်ခဲ့ပါဘူး
နောက်ပိုင်း သူ့အဖေ ဆန္ဒအတိုင်း ခေါင်းဆောင်နေရာ ယူလိုက်ပြန်တော့လည်း သူ့မှာ သူ့အဖေလို သတ္တိမရှိတာကို သိလာရပါတယ်
ဒါပေမဲ့ Barnyard ကြီးတစ်ခုလုံးရဲ့ အသက်တွေဟာ သူ့အပေါ်မူတည်လာတဲ့အခါမှာတော့
သူဘယ်လို သတ္တိတွေရှိလာမလဲ ခေါင်းဆောင်တစ်ယောက်ရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘယ်လိုလဲဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ပြီး ရှုစားကြရမှာဖြစ်ပါတယ်
Leave a Reply