Exit print mode Print Data A+ A- Undo all

Beyond the Law

Beyond the LawBeyond the Law

Synopsis:

Beyond the Law (2019)
========================================
Desmond နဲ့ သူ့ရဲ့ဘော်ဒါတို့ဟာ လူဆိုးဂိုဏ်းတစ်ခုဆီကနေ ငွေတွေ ဓားပြသွားတိုက်ခဲ့ကြတယ်။ ရလာတဲ့ငွေတွေကို လောင်းကစားကြောင့် စာရိတ္တပျက်စီးနေတဲ့ လူငယ်လေး Chance Wilson ကိုပေးပြီးတော့ သူ့ရဲ့တိုက်ခန်းမှာ သွားသိမ်းထားခိုင်းလိုက်ပါတယ် ။ Desmond တစ်ယောက် သူ့ငွေတွေကို ကောင်လေးဆီက ပြန်လာယူတဲ့အချိန်မှာတော့ ငွေတွေ မရှိတော့တဲ့အချိန်မှာ တင်းပြီးကောင်လေးကိုသတ်လိုက်ပါတော့တယ်။

Chance ဟာ သူမသေခင်မှာ Razor Room လို့ခေါ်တဲ့ နိုက်ကလပ်မှာ အလုပ်လုပ်ခဲ့ပြီးတော့ အဲ့ကလပ်ကို Augustine (Steven Seagal) ဆိုတဲ့သူက ပိုင်တာပါ။ Augustine ဟာ မူးယစ်ဆေးတွေရောင်းဝယ်ဖောက်ကားနေတဲ့ အကြီးစားမူးယစ်ရာဇာတစ်ယောက် … သူက Desmond ရဲ့အဖေပါ။

Chance ရဲ့သေဆုံးမှုကို စစ်ဆေးဖို့တာဝန်ယူရတာက စုံထောက် Munce ဖြစ်ပြီး သူဟာ သူ့ရဲ့သူငယ်ချင်းလည်းဖြစ် အရင်ကရဲအရာရှိဟောင်းလည်းဖြစ်တဲ့ Frank Wilson ကို Chance သေဆုံးကြောင်းပြောလိုက်ပါတယ် ။ ဘာလို့ဆိုတော့ Frank က Chance ရဲ့ အဖေဖြစ်နေလို့ပါပဲ …

အဲ့ဒီတော့ သားသေသွားလို့ တရားမျှတမှုကိုရှာချင်တဲ့ အဖေတစ်ယောက် ၊ ရဲဝန်ထမ်းဟောင်းတစ်ယောက်က သူ့သားအတွက် တရားမျှတမှုကိုရှာဖို့ ဘယ်လိုတွေ လှုပ်ရှားမလဲ ၊ တစ်ဖက်ကလည်း ကိုယ့်သားကိုယ်ကာကွယ်ဖို့ လုပ်နေတဲ့ လူတစ်ယောက်နဲ့ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရမှာပါ … ဇာတ်လမ်းလေးက အပြင်းပြေကြည့်ဖို့အတွက် သင့်တော်တဲ့ကားလေးဖြစ်ပြီး သားကိုချစ်တဲ့ အဖေနှစ်ယောက်ရဲ့ အားပြိုင်မှုကိုလည်း တွေ့ရမှာဖြစ်တဲအတွက်ကြောင့် ဒေါင်းကြည့်ကြပါဦးလို့ ….

Original title
Beyond the Law
Director
James Cullen Bressack
Stars
Bill Cobbs, DMX, Johnny Messner, Steven Seagal
Release Date
06 Dec 2019
Rated
N/A
Runtime
89 min
Awards
N/A
Country
USA
Budget
USD $7 000 000,00
Revenue
USD $0,00
Popularity
10.364
Status
Released
ID IMDb.com
tt11161374
IMDB Rating
4.4
IMDB votes
597
ID Themoviedb.org
650272
TMDb Rating
4.8
TMDb votes
10