ဒုတိယကမ္ဘာစစ်ပြီးခါစ အီတလီရဲ့
စီးပွားရေးက ပျက်ကပ်ထဲဝင်လုလုပါပဲ။
ဘဝတူအလုပ်လက်မဲ့တွေကြားမှာ
ကံကောင်းစွာနဲ့ ပိုစတာကပ်တဲ့အလုပ်ကို Ricci ရခဲ့ပါတယ်။
ပေါင်ထားတဲ့စက်ဘီးကို အလုပ်အတွက်
မဖြစ်မနေရွေးဖို့လိုလာတဲ့အခါ
ဇနီးသည်က မင်္ဂလာဦးလက်ဖွဲ့
အိပ်ရာခင်းလေးတွေရောင်းပြီး ပြန်ရွေးပေးရှာတယ်။
အလုပ်က လစာအပြင် မိသားစုအသုံးစရိတ်နဲ့
အချိန်ပိုကြေးတွေပါပေးဦးမယ်ဆိုတော့
ဆင်းရဲသား Ricciတို့မောင်နှံ ထီပေါက်သလိုကိုပျော်ပြီလေ။
အလုပ်စဝင်တဲ့နေ့မှာပဲ အလုပ်ရဲ့
အသက်သွေးကြောဖြစ်တဲ့စက်ဘီးအခိုးခံလိုက်ရတယ်။
” ဘယ်လိုလုပ်မလဲ။ စက်ဘီးမရှိရင် ငါအလုပ်ပြုတ်ပြီ။
ဒါဆိုငါ့မိသားစုဘာနဲ့သွားစားမလဲ။
ဒီစက်ဘီးက ငါ့မိသားစုရဲ့မျှော်လင့်ချက်ပဲ။
မဖြစ်ဘူး စက်ဘီးကိုမရရအောင်ပြန်ရှာမယ်။ “
ကံကြမ္မာဆိုတာ နွမ်းပါးသူတွေအပေါ်မှ
ရက်စက်တက်ပါတယ်။
တစ်ခြားအဖိုးတန်ရွှေငွေတွေဘာမှမလိုပါဘူး။
Ricci တို့မိသားစုရှင်သန်ရေးအတွက်
အဲ့ဒီစက်ဘီးလေးပဲလိုတာပါ။
သူ့ရဲ့စက်ဘီးလေးကို Ricci ပြန်ရှာတွေ့ပါမလား။
၁၉၄၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အီတလီရုပ်ရှင်ဖြစ်ပြီး
ကမ္ဘာ့လက်ရွေးစင်ရုပ်ရှင်စာရင်းမှာ
နှစ်ပေါင်း ၆၅ နှစ်ကျော်ကြာပါဝင်ခဲ့ပါတယ်။
အဓိကသရုပ်ဆောင်တွေအဖြစ်
သာမန်အရပ်သားတွေကိုသာသုံးထားတဲ့
ဒီသဘာဝအဆန်ဆုံးရုပ်ရှင်လေးကို
ရူစားအားပေးကြပါဦး။
Leave a Reply