Bigflo & Oli: Hip Hop Frenzy
Synopsis:
ဒီတစ်ခုကတော့ ရုပ်ရှင်မဟုတ်ပဲ
Music documentary လေးတစ်ခုပါ
Hip Hop ကြိုက်တဲ့သူတွေသိကောင်းသိမယ့်
Bigflo နဲ့ Oli ဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့
ကျော်ကြားတဲ့ ပြင်သစ်rapper ညီအစ်ကိုနှစ်ယောက်ရဲ့ သူတို့နယ်လှည့်ဖျော်ဖြေပွဲတွေ
လုပ်ခဲ့တုန်းက ရုပ်သံမှတ်တမ်းလေးတစ်ခုပါ
show ပွဲတစ်ခုအတွက် နောက်ကွယ်မှာ
သူတို့ဘယ်လိုပင်ပင်ပန်းပန်း
ပြင်ဆင်ကြရတယ် ဘယ်လိုအစီအစဥ္ တွေဆွဲကြတယ်ဆိုတာပါဝင်ပါတယ် စိတ်ဖိစီးမှုတွေများနေတဲ့ကြားက သူတို့တက်ညီလက်ညီနဲ့ ပွဲ
တိုင်းကို အောင်မြင်အောင်လုပ်ခဲ့တာတွေ
ပရိတ်သတ်ကို အားတက်သရော
ဖျော်ဖြေပုံတွေကို မြင်တွေ့ရမှာပါ
တစ်ယောက်နဲ့ တစ်ယောက်ဖေးမပြီး
အတူတူကြိုးစားကြတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ကိုကြည့်ရတာလဲ အားကျစရာပါပဲ
ကျွန်တော်တို့အနေနဲ့ကြည့်ရင် နာမည်ကျော်တွေရဲ့ဘဝက သာယာဖြောင့်ဖြူးပြီးအားကျစရာဆိုပေမဲ့ သူတို့မှာလည်း သူတို့အတိုင်းအတာ
နဲ့ စိတ်ဖိစီးမှုတွေရှိပါတယ်
ကျော်ကြားမှု အရမ်းကြီးမားတာရဲ့ အခက်အခဲတွေ မွန်းကျပ်မှုတွေအကြောင်း
ပြောပြထားတာလည်းပါဝင်ပါတယ်
သူတို့ကို ချစ်တဲ့ ပရိတ်သတ်တွေအနေနဲ့တော့
သိမ်းထားသင့်တဲ့
Documentary လေးတစ်ခုပါ