Exit print mode Print Data A+ A- Undo all

Born on the Fourth of July (1989)

A story of innocence lost and courage found
Born on the Fourth of July (1989)Born on the Fourth of July (1989)

Synopsis:

(App member only)

##unicode

အခု တင်ဆက်ပေးမဲ့ဇာတ်ကားကတော့ 1989 ထွက် Rating 7.2/ Rotten Tomatoes 85% ရရှိခဲ့တဲ့
War/Anti-war အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ ” Born on the Fourth of July ” ဆိုတဲ့
ဇာတ်ကားပါ။ဒီဇာတ်ကားကတော့ ငယ်ရွယ်စဉ်ကတည်းက နိုင်ငံ့တာဝန်ကို အသက်စွန့်ကာ ရဲရဲရင့်ရင့်
ထမ်းဆောင်ချင်လိုစိတ် ပြင်းပြခဲ့သူ မျိုးချစ်ပုဂ္ဂိုလ်လေး ရွန်ကိုဗစ်ခ်အကြောင်းကို သူဝင်နွှဲခဲ့တဲ့ စစ်ပွဲကတစ်ဆင့်
မီးမောင်းထိုး ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်ကားခေါင်းစီးကတော့ အမေကန်ရဲ့လွတ်လပ်ရေးနေ့
ဇူလိုင် ၄ ရက်နေ့ကို ဆိုလိုတာပါ။ ဇာတ်လမ်းထဲက ရွန်ကိုဗစ်ခ်ကိုလည်း ဒီရက်မှာပဲ မွေးဖွားခဲ့တာပါ။

ဒီဇာတ်ကားလေးထဲမှာတော့ ငယ်စဉ်ကတည်းက သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ စစ်တိုက်တမ်းကစားတတ်တဲ့ရွန်နီ။
သူ့အတွက်ဆို အမြဲဦးစားပေးကာ အရိပ်တကြည့်ကြည့်နေတတ်တဲ့ သူချစ်ရတဲ့ ငယ်သူငယ်ချင်းမ‌လေး ဒါနာ။
ဒီလိုနဲ့ သူတို့ကြီးပြင်းအရွယ်ရောက်လာချိန်မှာ ကိုယ်စီ ကိုယ်စီ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လမ်းတွေ
တစ်လမ်းစီခြားနားခဲ့ကြတယ်။

ရွန်နီက စစ်ထဲဝင်ဖို့ သူ့မိဘတွေကို ပြောပြခဲ့တယ်။ ဗီယက်နမ်စစ်ပွဲကို မရိန်းတပ်သားအနေနဲ့ သူဝင်တိုက်ဖို့
ဆုံးဖြတ်ခဲ့တယ်။ သူငယ်ချင်းတွေကို ပြောပြတော့ တချို့နဲ့စိတ်တူပြီး တချို့နဲ့ ယူဆချက်တွေ ကွဲလွဲခဲ့ကြတယ်။
ဒီလိုနဲ့ သူစစ်မှုထမ်းဖို့ မရိန်းတပ်ထဲ ဝင်သွားခဲ့တယ်။

အမေရိကန်-ဗီယက်နမ် စစ်မြေပြင်မှာ ဘယ်လိုမှ ပြင်မရတဲ့ မှားယွင်းမှုတွေကို မရည်ရွယ်ဘဲနဲ့ တစ်ခုပြီးတစ်ခု
သူလုပ်မိခဲ့တယ်။ ဒီမှားယွင်းမှုတွေနဲ့အတူ သူလည်း စစ်မြေပြင်မှာ သေနတ်ထိမှန် ကျသွားခဲ့တယ်။ ဒီလိုနဲ့စစ်ဆေးရုံကို
ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ သတင်းဆိုးကြီး တစ်ခုကို သူကြားခဲ့ရတယ်။ အဲဒါကတော့သူ့အကြောတွေသေသွားတဲ့အတွက်
ဘာကိုမှ မခံစားနိုင်တော့သလို လမ်းဘယ်တော့မှ ပြန်မလျှောက်နိုင်တော့ဘဲ ဝှီးချဲနဲ့ပဲ သူ့တစ်သက်တာလုံး
နေသွားရမယ်ဆိုတဲ့ သတင်းပါပဲ။

အဲဒီနောက်မှာတော့ သူဟာ ဒုက္ခိတ ဗီယက်နမ်စစ်ပြန်တစ်ယောက်အနေနဲ့ စိတ်တွေ၊ဘဝတွေ တစ်စစီ
ပြိုလဲပျက်စီးကာ လေလွင့်နေခဲ့တယ်။ တစ်နေ့ သူ့မိဘတွေနဲ့ စကားအကြီးအကျယ်များပြီးတဲ့နောက်ပိုင်း
စစ်ပွဲရဲ့နောက်ဆက်တွဲတွေကို သတိမူမိပြီး စစ်ပွဲတွေကိုရပ်ဖို့အတွက် စစ်ပြန်တွေရဲ့ဆန္ဒပြမှုတွေမှာ ရှေ့ဆုံးက
ပါဝင်လာခဲ့တယ်။ ဒီလိုနဲ့ သူဟာ မီဒီယာတွေရဲ့မြင်ကွင်းထဲရောက်သွားပြီး လူသိများလာခဲ့တယ်။
အဲဒီနောက် ဘာတွေ ဆက်ဖြစ်လာခဲ့လဲ။

ဒီတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲထဲကို စစ်မှုထမ်းဖို့အတွက် မိသားစု၊ချစ်သူ၊ခင်သူတွေအပြင် ကိုယ့်ရဲ့ဘဝနဲ့
အသက်ကိုစွန့်ကာ တိုက်ပွဲဝင်ဖို့ထွက်သွားခဲ့တဲ့ ရွန်နီတစ်ယောက် စစ်မြေပြင်အတွင်း ဘယ်လိုနာကျင်မှုမျိုးတွေကို
တွေ့ကြုံခဲ့ရလဲ။ စစ်ပြန်တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို ပြန်ရောက်လာ‌ပြီးနောက် ဘယ်လို
ကြိုဆိုလက်ကမ်းမှုတွေကြုံရပြီး ဘယ်လို ငြင်းပယ်ပစ်ခွာမှုတွေကို ကြုံခဲ့ရလဲ။ ပြင်မရတဲ့ဘယ်လိုမှားယွင်းမှုတွေကို
သူ့ဘဝတစ်သက်စာ သိမ်းဆည်းသွားရလဲဆိုတာကိုတော့ ဒီဇာတ်ကားကောင်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

##zawgyi

အခု တင္ဆက္ေပးမဲ့ဇာတ္ကားကေတာ့ 1989 ထြက္ Rating 7.2/ Rotten Tomatoes 85% ရရွိခဲ့တဲ့
War/Anti-war အမ်ိဳးအစား ဇာတ္ကားေကာင္းတစ္ကားျဖစ္တဲ့ ” Born on the Fourth of July ” ဆိုတဲ့
ဇာတ္ကားပါ။ဒီဇာတ္ကားကေတာ့ ငယ္႐ြယ္စဥ္ကတည္းက ႏိုင္ငံ့တာဝန္ကို အသက္စြန႔္ကာ ရဲရဲရင့္ရင့္
ထမ္းေဆာင္ခ်င္လိုစိတ္ ျပင္းျပခဲ့သူ မ်ိဳးခ်စ္ပုဂၢိဳလ္ေလး ႐ြန္ကိုဗစ္ခ္အေၾကာင္းကို သူဝင္ႏႊဲခဲ့တဲ့ စစ္ပြဲကတစ္ဆင့္
မီးေမာင္းထိုး ႐ိုက္ကူးျပထားတာ ျဖစ္ပါတယ္။ ဇာတ္ကားေခါင္းစီးကေတာ့ အေမကန္ရဲ႕လြတ္လပ္ေရးေန႔
ဇူလိုင္ ၄ ရက္ေန႔ကို ဆိုလိုတာပါ။ ဇာတ္လမ္းထဲက ႐ြန္ကိုဗစ္ခ္ကိုလည္း ဒီရက္မွာပဲ ေမြးဖြားခဲ့တာပါ။

ဒီဇာတ္ကားေလးထဲမွာေတာ့ ငယ္စဥ္ကတည္းက သူငယ္ခ်င္းအေပါင္းအေဖာ္ေတြနဲ႔ စစ္တိုက္တမ္းကစားတတ္တဲ့႐ြန္နီ။
သူ႔အတြက္ဆို အၿမဲဦးစားေပးကာ အရိပ္တၾကည့္ၾကည့္ေနတတ္တဲ့ သူခ်စ္ရတဲ့ ငယ္သူငယ္ခ်င္းမ‌ေလး ဒါနာ။
ဒီလိုနဲ႔ သူတို႔ႀကီးျပင္းအ႐ြယ္ေရာက္လာခ်ိန္မွာ ကိုယ္စီ ကိုယ္စီ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔လမ္းေတြ
တစ္လမ္းစီျခားနားခဲ့ၾကတယ္။

႐ြန္နီက စစ္ထဲဝင္ဖို႔ သူ႔မိဘေတြကို ေျပာျပခဲ့တယ္။ ဗီယက္နမ္စစ္ပြဲကို မရိန္းတပ္သားအေနနဲ႔ သူဝင္တိုက္ဖို႔
ဆုံးျဖတ္ခဲ့တယ္။ သူငယ္ခ်င္းေတြကို ေျပာျပေတာ့ တခ်ိဳ႕နဲ႔စိတ္တူၿပီး တခ်ိဳ႕နဲ႔ ယူဆခ်က္ေတြ ကြဲလြဲခဲ့ၾကတယ္။
ဒီလိုနဲ႔ သူစစ္မႈထမ္းဖို႔ မရိန္းတပ္ထဲ ဝင္သြားခဲ့တယ္။

အေမရိကန္-ဗီယက္နမ္ စစ္ေျမျပင္မွာ ဘယ္လိုမွ ျပင္မရတဲ့ မွားယြင္းမႈေတြကို မရည္႐ြယ္ဘဲနဲ႔ တစ္ခုၿပီးတစ္ခု
သူလုပ္မိခဲ့တယ္။ ဒီမွားယြင္းမႈေတြနဲ႔အတူ သူလည္း စစ္ေျမျပင္မွာ ေသနတ္ထိမွန္ က်သြားခဲ့တယ္။ ဒီလိုနဲ႔စစ္ေဆး႐ုံကို
ေရာက္လာခဲ့တယ္။ အဲဒီအခ်ိန္မွာပဲ သတင္းဆိုးႀကီး တစ္ခုကို သူၾကားခဲ့ရတယ္။ အဲဒါကေတာ့သူ႔အေၾကာေတြေသသြားတဲ့အတြက္
ဘာကိုမွ မခံစားႏိုင္ေတာ့သလို လမ္းဘယ္ေတာ့မွ ျပန္မေလွ်ာက္ႏိုင္ေတာ့ဘဲ ဝွီးခ်ဲနဲ႔ပဲ သူ႔တစ္သက္တာလုံး
ေနသြားရမယ္ဆိုတဲ့ သတင္းပါပဲ။

အဲဒီေနာက္မွာေတာ့ သူဟာ ဒုကၡိတ ဗီယက္နမ္စစ္ျပန္တစ္ေယာက္အေနနဲ႔ စိတ္ေတြ၊ဘဝေတြ တစ္စစီ
ၿပိဳလဲပ်က္စီးကာ ေလလြင့္ေနခဲ့တယ္။ တစ္ေန႔ သူ႔မိဘေတြနဲ႔ စကားအႀကီးအက်ယ္မ်ားၿပီးတဲ့ေနာက္ပိုင္း
စစ္ပြဲရဲ႕ေနာက္ဆက္တြဲေတြကို သတိမူမိၿပီး စစ္ပြဲေတြကိုရပ္ဖို႔အတြက္ စစ္ျပန္ေတြရဲ႕ဆႏၵျပမႈေတြမွာ ေရွ႕ဆုံးက
ပါဝင္လာခဲ့တယ္။ ဒီလိုနဲ႔ သူဟာ မီဒီယာေတြရဲ႕ျမင္ကြင္းထဲေရာက္သြားၿပီး လူသိမ်ားလာခဲ့တယ္။
အဲဒီေနာက္ ဘာေတြ ဆက္ျဖစ္လာခဲ့လဲ။

ဒီေတာ့ အေမရိကန္-ဗီယက္နမ္စစ္ပြဲထဲကို စစ္မႈထမ္းဖို႔အတြက္ မိသားစု၊ခ်စ္သူ၊ခင္သူေတြအျပင္ ကိုယ့္ရဲ႕ဘဝနဲ႔
အသက္ကိုစြန႔္ကာ တိုက္ပြဲဝင္ဖို႔ထြက္သြားခဲ့တဲ့ ႐ြန္နီတစ္ေယာက္ စစ္ေျမျပင္အတြင္း ဘယ္လိုနာက်င္မႈမ်ိဳးေတြကို
ေတြ႕ႀကဳံခဲ့ရလဲ။ စစ္ျပန္တစ္ေယာက္အေနနဲ႔ ကိုယ့္ႏိုင္ငံကို ျပန္ေရာက္လာ‌ၿပီးေနာက္ ဘယ္လို
ႀကိဳဆိုလက္ကမ္းမႈေတြႀကဳံရၿပီး ဘယ္လို ျငင္းပယ္ပစ္ခြာမႈေတြကို ႀကဳံခဲ့ရလဲ။ ျပင္မရတဲ့ဘယ္လိုမွားယြင္းမႈေတြကို
သူ႔ဘဝတစ္သက္စာ သိမ္းဆည္းသြားရလဲဆိုတာကိုေတာ့ ဒီဇာတ္ကားေကာင္းေလးထဲမွာဆက္လက္ၾကည့္ရႈလိုက္ၾကပါဦးေနာ္။

Review – Lullaby
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p Blu-ray,1080p Blu-ray
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lullaby
Encoded by Arrow
====================================================================

App ေဒါင္းရန္

App Link

မန်ဘာဝင်လိုသူများ
viber – 0969117714

Original title
Born on the Fourth of July
Director
Oliver Stone, Stephen Lim
Stars
Caroline Kava, Holly Marie Combs, Kyra Sedgwick, Mark Moses, Raymond J. Barry, Rob Camilletti, Stephen Baldwin, Tom Berenger, Tom Cruise, Vivica A. Fox
Release Date
05 Jan 1990
Rated
R
Runtime
145 min
Awards
Won 2 Oscars. 15 wins & 26 nominations total
Country
United States
Budget
USD $14 000 000,00
Revenue
USD $161 001 698,00
Popularity
12.633
Status
Released
ID IMDb.com
tt0096969
IMDB Rating
7.2
IMDB votes
104,295
ID Themoviedb.org
2604
TMDb Rating
7
TMDb votes
1317