##unicode
မင်းသားကြီး Mel Gibson ပါတဲ့ Action, Sci-Fi ကားတစ်ကားလာပါပြီ။
သင်ဟာ အချိန်တွေဒီနေရာမှာပဲ လှည့်နေတဲ့ movie တွေကိုကြိုက်တဲ့သူလား အဲ့လိုဒီကားလေးကိုကြည့်ကြည့်ပါ
ဒီကားက သိပ္ပံဆန်ဆန်ကိုမှ အက်ရှင်နဲ့ပေါင်းရိုက်ထားတာပါ ကြည့်ရတာမပျင်းသွားစေရပါဘူး
ဇာတ်လမ်းအကျဉ်း
Royကစစ်တပ်ကနေ အငြိမ်းစားယူလိုက်တဲ့ အရာရှိတစ်ယောက်ပါ။
တစ်နေ့မှာ သူအိပ်နေရင်းနဲ့ သူ့ကိုလူတစ်စုလာသတ်ဖို့ ကြိုးစားပါတော့တယ်။
အဲ့လို အကြမ်းဖက်သမားတွေ သတ်ခံရမှုကြောင့် သူကသေဆုံးသွားပေမဲ့ ထပ်ခါထပ်ခါ အဲ့နေ့မှာဘဲ ပြန်နိုးလာလိုက် အသတ်ခံလိုက်ရဖြစ်နေပါတယ်။
သူအသတ်ခံရတဲ့နေရာကို ကျော်လွှားနိုင်ခဲ့ရင်လဲ နောက်တစ်နေရာမှာ နောက်လူတစ်ယောက်သတ်တာခံခဲ့ရပါတယ်။
သူနိုးလာတိုင်းမှာ သူ့သေတဲ့ပုံတွေက ပြောင်းလဲသွားပေမဲ့ အဆုံးသတ်မှာတော့ သူကသေရစမြဲဖြစ်တယ်။
သူအသက်ရှင်နိုင်တဲ့အချိန်က ၁၂:၄၇အထိဘဲဖြစ်တယ်။သူက အကြိမ်ကြိမ်အသတ်ခံရပြီးမှာ သူဘယ်လောက်ဘဲကြိုးစားပါစေ
သူဟာ၁၂:၄၇ကိုကျော်လွန်ပြီးတော့အသက် မရှင်နိုင်ကြောင်းသိရှိသွားခဲ့တယ်။
ဒီပြသာနာတွေကို အဖြေရှာဖို့အတွက် သူ့ဇနီးဟောင်းဒေါက်တာJemma Wellကိုဆက်သွယ်ကြည့်လိုက်တဲ့အချိန်မှာတော့
Jemmaကလဲ စမ်းသပ်ခန်းမှာ မတော်မဆဖြစ်ကာသေဆုံးသွားတယ်ဟုကြားလိုက်ရတယ်။
Roy တစ်ယောက် အဆုံးမသတ်နိုင်တဲ့ နေ့တစ်နေ့ကိုရပ်တန့်နိုင်ပါ့မလား။
သူဒီနေ့ကိုအဆုံးသတ်လိုရင်ရော သူအသက်ရှင်ပါ့မလားဆိုတာ ကြည့်ရှုခံစားပေးကြပါအုံးခင်ဗျာ။
##zawgyi
ဇာတ်လမ်းအကျဉ်း
Review – Myet Chel
File Size – 1.2GB
Format…mp4
Quality : 1080p WEBrip
Duration…1h 40min
Genre : Action, Sci-Fi, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin, Myet Chel
Encoded by Arrow
Leave a Reply