ဘယ်သူမဆို ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်ကိုဆုံးရှုံးလိုက်ရရင်
ချက်ချင်းတော့ လက်မခံနိုင်သေးတာ လူ့သဘာဝပါ
ဒီကားမှာတော့ ဇာတ်ဆောင်မင်းသမီး ဂျာအန်တို့လင်မယားက
တစ်ဦးတည်းသောသားလေးရှောင်လဲ့ကိုတအားချစ်ရှာတယ်
တစ်နေ့သူတို့သားလေးရုတ်တရက်ကားတိုက်ပြီးဆုံးသွားတယ်
သားသေဆုံးတာကိုလက်မခံနိုင်တဲ့မိခင်တစ်ယောက်အနေနဲ့
သူ့သားဝိဥာဥ်ကိုဘယ်မှမသွားစေချင်တော့မလုပ်သင့်တာတွေလုပ်ရာကနေ
အခြေအနေကဆိုးလာပါတော့တယ်
စင်ကာပူသရဲကားဖြစ်တဲ့အတွက်ပေါတောတော
လုံးဝမဟုတ်တာတော့ အာမခံပါတယ်
မိခင်တစ်ယောက်က သားကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ရယ်
သားမရှိတော့တာကိုလက်မခံနိုင်သေးတဲ့ခံစားချက်ရယ် နဲ့သရဲကားပေမယ့်
jump scare လည်းအများကြီးမပါတာမို့ ကြည့်ရင်းသနားလာမိမှာသေချာပါတယ်
Leave a Reply