ထူးထူးဆန်းဆန်း လေးတွေပါတဲ့ ရုပ်ရှင်ကားလေးတစ်ကား ရှာနေပါသလား။
ဒါဆို ဒီကားက သင့်အတွက်ပါနော်။ ခေါင်းစဉ်ကိုတစ်ချက်ရှိုးလိုက်ဦး Butt Boy တဲ့။
သူလည်းအစွမ်းတစ်ခုခုရှိတယ်လို့ ဒီကားလေးကြည့်ရင်း တွေးထားလိုက်ပါနော်။
ဇာတ်လမ်းလေးကိုပြောရင်တော့ ချပ်စ် ဆိုတဲ့ သက်လတ်ပိုင်းအရွယ် ဝန်ထမ်းတစ်ဦးက အလုပ်မှာလည်း ထင်သလောက် မအောင်မြင်၊ ပရိုမိုရှင်းလည်း သူမပါ၊ အိမ်ထောင်ရေးမှာလည်း မစွမ်းနိုင်တဲ့ သူပါ။ အားမရတဲ့သူပေါ့။
ဒါပေမဲ့လည်း သူ့စိတ်တိမ်းညွှတ်ရာကဘာဖြစ်မလဲ ရှာဖွေရင်းနဲ့တွေ့ရှိသွားတဲ့အခါ….
သူနေတဲ့နေရာတစ်ဝိုက်မှာ ပစ်စည်းတွေပျောက်တယ်။ ယုတ်စွအဆုံး လသားကလေးတစ်ယောက်ပျောက်သွားတယ်။ ဒါပေမဲ့ ဘာ အစအနမှမတွေ့ဘူး။
နောက်နှစ်တွေကြာတဲ့အခါသူက အေအေ ဆိုတဲ့ အရက်ဖြတ်တဲ့စခန်းတစ်ခုမှာ အရက်လာဖြတ်တဲ့ စုံထောက် ရပ်ဆဲလ် နဲ့တွေ့ပါလေရော ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ချပ်စ် အလုပ်လုပ်တဲ့ရုံးမှာ ကလေးတစ်ယောက်ပျောက်တာကို စုံစမ်းတာက ရပ်ဆဲလ် ဖြစ်နေလေရဲ့။
ကဲ ပရိသတ်ကြီးဘာဆက်ဖြစ်မလည်း အဖြေရှာလိုက်ပါတော့နော်
18+ နှစ်ခန်းလောက်ပါလို့ အရှေ့ပိုင်းလေးပြီးမှ မိသားစုနဲ့ကြည့်ရင်ရပါပြီလို့စ်
Leave a Reply