Cagefighter: Worlds Collide(2020)
မေဝယ်သာနဲ့ ကော်နာမက်ဂရေဂေါ်တို့ ထိုးသတ်တဲ့ပွဲဆိုရင် တော်တော်များများသိကြပါလိမ့်မယ်
မေဝယ်သာဟာ Boxing သမားပါ…Boxing ကရှင်းတယ်…ခါးပတ်အပေါ်ပိုင်းကိုပဲ တိုက်ခိုက်လို့ရမယ်..
.လက်သီးနဲ့ပဲထိုးလို့ရမယ်…ဒူးတွေ တံတောင်တွေ ခေါင်းတွေ ခြေထောက်တွေ ဘာမှပါမရဘူး…
ကော်နာကျတော့ MMA သမား…MMA က အကုန်ရောထားတာ..
.ခေါင်းနဲ့တိုက်တာတွေ မှောက်နေတုန်းမကန်ရတာတွေဘာတွေကလွဲရင် ကွန်ဖူးတတ်ရင် ကွန်ဖူးနဲ့ချ.
..သိုင်းပြောင်းပြန်တတ်ရင် သိုင်းပြောင်းပြန်နဲ့ချ…အကုန်ချလို့ရတယ်
အဲ့မှာမှ အဲ့လိုစည်းမျဉ်းစည်းကမ်းမတူတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာနှစ်ယောက်ကို ပြိုင်ပွဲလုပ်ပေးလိုက်တော့ ပရိသတ်တွေရူးပြီလေ.
..ဒါမျိုးပွဲအကုန်ကြည့်ချင်ကြတာပေါ့
ဒီကားမှာလည်း ထူးမခြားနားပဲ
MMA နဲ့ AEW(WWE လိုမျိုး) ကို စင်ပေါ်မှာပေးတွေ့လိုက်တယ်…
The Rock တို့ John Cena တို့ဆိုရင် သိကြမှာပါ…သူတို့က WWE သမားတွေ.
..မြန်မာကလူတချို့ရော ကမ္ဘာကလူတချို့ကပါ လုပ်ပွဲတွေ၊
သရုပ်ဆောင်တာတွေလို့ ဝေဖန်နေကြတဲ့နယ်ပယ်တစ်ခုကပေါ့
MMA ကတော့ အတည်ချတယ် ဆော်တယ် ချိုးတယ် ကွဲတယ်လို့ အများလက်ခံထားကြတဲ့နယ်ပယ်…
အောင်လအန်ဆိုင်းတို့ ONE Championship မှာ ချသလိုမျိုးပေါ့
အဲ့လိုမတူကွဲပြားတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာကြီးတွေကိုပေးတွေ့လိုက်တော့
ပွဲမစခင်ကတည်းက အင်တာနက်ပေါ်မှာ ဖန်အချင်းချင်းကျိတ်နေပြီဆိုတာမျိုးတွေဖြစ်ကုန်တာပေါ့…
ဇာတ်လမ်း ရှယ်ဗျင်း ..ရှယ်ကြမ်း….သရုပ်ဆောင်တွေကလည်း John Moxley တို့ Christian Cage တို့လိုမျိုး
တကယ့် MMA, WWE ကစားသမားတွေ ဝင်ရောက်သရုပ်ဆောင်ထားကြတာဆိုတော့
လုံးဝမိုက်တဲ့ကားတစ်ကားဖြစ်ပါတယ်…
Leave a Reply