Alpha Premium

Aleksey Panin

Burnt by the Sun 2: Citadel (2011) 4.1
Burnt by the Sun 2: Citadel (2011) ##unicode ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တို့ရဲ့စစ်မြေပြင်ပေါ် အခြေခံရိုက်ကူးထားတာပါ။ ဂျာမန်တွေလက်အောက်က မြို့စောင့်ခံတပ်တစ်ခုကို ဆိုဗီယက်ဘက်က အသည်းအသန်တိုက်ခိုက်ပေမဲ့ ဘယ်လိုမှမသိမ်းနိင်ဖြစ်နေပါတယ်။ ခံတပ်ကကုန်းမြင့်ပေါ်မှာရှိပြီး ခံတပ်ရှေ့ကလည်း သစ်ပင်ကြီးမရှိလဲ ဟင်းလင်းပြင်ကြီးဖြစ်နေတဲ့အတွက် တက်လာသမျှစစ်သားကို ခံတပ်ပေါ်ကနေ အသာလေးစီးပစ်နေရုံပါပဲ။ အဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်က တပ်တွင်းစည်းကမ်းဖောက်တဲ့သူတွေထားတဲ့ အကျဉ်းသားတပ်ခွဲကို ရှေ့တန်းကနေခံတပ်ဆီရောက်အောင်တက်ခိုင်းပါတော့တယ်။ တကယ်တော့ မင်းတို့သွားအသေခံလိုက်လို့ပြောလိုက်တာနဲ့အတူတူပါပဲ။ အမိန့်ဆိုတော့လည်း ငြင်းမရဘဲသွားတိုက်ဖို့ဖြစ်လာပါတယ်။ အဲ့တပ်ခွဲထဲမှာ အရင်ကဗိုလ်မှူးကြီးဖြစ်ခဲ့ပြီး ရာထူးချခံထားရတဲ့ ကိုတော့ဗ်လည်းအပါအဝင်ဖြစ်ပါတယ်။ သူ့မိသားစုကတော့ သူသေသွားပြီလို့ပဲသိထားခဲ့ကြတာပါ။ သူတို့တပ်ခွဲချီတက်ခါနီးမှာပဲ ကိုတော့ဗ်ကို ဗိုလ်တစ်ယောက်ကလာရှာပြီး သူ့ကိုခေါ်ထုတ်သွားပြီး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ပါ ရာထူးတိုးပေးလိုက်ပါတယ်။ ဒါတွေရဲ့နောက်ကွယ်က ဇာတ်ကြောင်းကဘာများလဲ၊ ကိုတော့ဗ်က ဘာလို့ရာထူးချခံခဲ့ရပြီး အခုရောဘာလို့ရာထူးပြန်ပေးခံရတာလဲ၊ ဒီသိမ်းရခက်ခဲတဲ့ ခံတပ်ကိုရော သူတို့သိမ်းနိုင်ပါ့မလား၊ အတိုက်အခိုက်ကြမ်းကြမ်းလေးရော ဒရမ်မာလေးကိုပါ တစ်ပေါင်းတည်းကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ##zawgyi ဒီကားေလးကေတာ့ ဒုတိယကမာၻစစ္အတြင္း ဆိုဗီယက္ျပည္ေထာင္စုနဲ႔ ဂ်ာမန္တို႔ရဲ႕စစ္ေျမျပင္ေပၚ အေျခခံ႐ိုက္ကူးထားတာပါ။ ဂ်ာမန္ေတြလက္ေအာက္က ၿမိဳ႕ေစာင့္ခံတပ္တစ္ခုကို ဆိုဗီယက္ဘက္က အသည္းအသန္တိုက္ခိုက္ေပမဲ့ ဘယ္လိုမွမသိမ္းနိင္ျဖစ္ေနပါတယ္။ ခံတပ္ကကုန္းျမင့္ေပၚမွာရွိၿပီး ခံတပ္ေရွ႕ကလည္း သစ္ပင္ႀကီးမရွိလဲ ဟင္းလင္းျပင္ႀကီးျဖစ္ေနတဲ့အတြက္ တက္လာသမွ်စစ္သားကို ခံတပ္ေပၚကေန အသာေလးစီးပစ္ေန႐ုံပါပဲ။ အဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္က တပ္တြင္းစည္းကမ္းေဖာက္တဲ့သူေတြထားတဲ့ အက်ဥ္းသားတပ္ခြဲကို ေရွ႕တန္းကေနခံတပ္ဆီေရာက္ေအာင္တက္ခိုင္းပါေတာ့တယ္။ တကယ္ေတာ့ မင္းတို႔သြားအေသခံလိုက္လို႔ေျပာလိုက္တာနဲ႔အတူတူပါပဲ။ အမိန႔္ဆိုေတာ့လည္း ျငင္းမရဘဲသြားတိုက္ဖို႔ျဖစ္လာပါတယ္။ အဲ့တပ္ခြဲထဲမွာ အရင္ကဗိုလ္မႉးႀကီးျဖစ္ခဲ့ၿပီး ...
4.1
IMDB: 4.1/10 1,691 votes
movie

Burnt by the Sun 2: Citadel (2011)

2011
1080p

Release year

Genres

Release year