Alpha Premium

Ariel Lin

A Choo 5.5
A Choo ##unicode You Are The Apple of My Eye ထဲဇာတ်ဆောင်မင်းသား Kai ko နဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် (2008) ဇာတ်လမ်းတွဲထဲက မင်းသမီးAriel Lin ပါ ဒါ့အပြင်ဇာတ်ပို့အနေနဲ့ မင်း သားကြီး Louis Koo ကပါဝင်ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း တစ်ခါက လူဆိုးတစ်ဦးကြောင့်ဓာတ်ခွဲခန်းတစ်ခုမှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့ပြီး ကလေးတော်တော်များများဟာ မိဘမဲ့ဖြစ်ခဲ့ရပါတယ် မိဘမဲ့ဂေဟာမှာ ကြီးပြင်းပြီးသံယောဇဉ်ဖြစ်သွားကြတဲ့ သူငယ်ချင်းသုံးယောက်ဟာ အရွယ်ရောက်လာတော့ ကိုယ်စီရှေ့ဆက်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ် သူငယ်ချင်းသုံးဦးထဲက ရိချီဆိုတဲ့လူငယ်လေးကတော့ သူငယ်ချင်းမလေးရှင်းရှင်းကို ငယ်ငယ်တည်းကသဘောကျနေခဲ့သူပါ စူပါဟီးရိုးတွေကို အရမ်းသဘောကျပြီး ရှင်းရှင်းက "ငါကသတ္တိရှိတဲ့ကောင်လေးတွေကိုပဲ သဘောကျတာ" လို့ပြောခဲ့တာကိုနားထောင်ပြီး စူပါဟီးရိုးဖြစ်ချင်တယ်ဆိုပြီး ကြုံးဝါးနေခဲ့သူပါ ရိချီဟာ စူပါဟီးရိုးဖြစ်ဖို့ သူတို့လေးတွေ မမွေးခင်ကဖြစ်ပျက်ခဲ့တဲ့ ပေါက်ကွဲမှုမှာ ပါဝင်ခဲ့တဲ့ စူပါဟီးရိုး Flash ဆီမှာ သွားတပည့်ခံရင်း လက်ဝှေ့သမားလုပ်ဖို့ ခြေလှမ်းစခဲ့ပါတယ် တကယ်တမ်း သာမန်လူတစ်ယောက်ဟာ ဘယ်လိုမှစူပါဟီးရိုးမဖြစ်နိုင်ပါဘူး ဒါပေမယ့် ချစ်တဲ့ သံယောဇဉ်ရှိရတဲ့ကောင်မလေး သဘောကျအောင်ကြိုးစားရင်း ဘဝတစ်ခုလုံးအတွက်အပြောင်းအလဲများစွာကြုံလာခဲ့ရတာကိုရိုက်ပြထားတာဖြစ်ပါတယ် ##zawgyi You Are The ...
5.5
IMDB: 5.5/10 36 votes
movie

A Choo

2020
1080p

Release year

Genres

Release year