Alpha Premium

Ben Bailey

The Devil All the Time (2020) N/A
The Devil All the Time (2020) ##unicode ဒီဇာတ်ကားလေးကတော့ 2020အသစ်ထွက် American psychological thrillerကားဖြစ်ပြီး နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Tom Holland, Bill Skarsgard,Robert Pattinson အစရှိသူတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ "ရတ်ဆဲလ်"မိသားစုက တောင်ကုန်းတစ်ခုပေါ်ကအိမ်လေးမှာ မိသားသုံးယောက်အတူနေထိုင်ကြပါတယ်။ အဖေဖြစ်သူ"ဝီလာဒ့်ရတ်ဆဲလ်"က အတိတ်မှာကြုံတွေ့ခဲ့ရတဲ့အကြောင်းတစ်ခုကြောင့် ဘာသာရေးအစွန်းရောက်တဲ့သူတစ်ဦးဖြစ်လာပါတယ်။သူ့အပြုအမူတွေဟာ သူ့ရဲ့သားငယ်လေး "အာဗင်"အပေါ်ကိုလည်း သက်ရောက်မှုတွေရှိနေပါတယ်။ တစ်နေ့မှာ ရုတ်တရက်ကြီး မိဘနှစ်ပါးလုံးဆုံးပါးသွားတော့ "အာဗင်"လေးဟာ အဖွားဖြစ်သူနဲ့အတူသွားရောက်နေထိုင်ပါတယ်။ သူ့အဖွားဆီမှာ "လန်နိုရာ"လို့ခေါ်တဲ့ မွေးစားညီမငယ်လေးလဲရှိနေပါတယ်။လန်နိုရာရဲ့ မိဘနှစ်ပါးကလည်း ဘာသာရေးအစွန်းရောက်မှုရဲ့ သားကောင်တွေဖြစ်ခဲ့ကြသူတွေပါ။ လာဘ်စားတဲ့ရဲဖြစ်သူ "လီဒိုဘတ်ကာ"မှာ "ဆန်ဒီ"လို့ခေါ်တဲ့ညီမတစ်ယောက်ရှိပါတယ်။သူမက ကွင်းဆက်လူသတ်သမားတစ်ဦးနဲ့လက်ထပ်ထားသူဖြစ်ပြီး သူ့ယောကျာ်းနဲ့အတူ လူသတ်မှုတွေကိုပူးပေါင်းကြံစည်ပြီးသတ်ဖြတ်ပါတယ်။ ဒီလိုဇာတ်ဆောင်တွေ၊ဇာတ်ကွက်တွေ အများကြီးပါဝင်ပေမယ့် ကြည့်ရတာလုံးဝရှုပ်မနေဘဲ အားလုံးကအချိတ်အဆက်မိမိနဲ့ တင်ဆက်ပေးထားတာကြောင့် အလွန်ကိုပဲကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ ဘာသာရေးအစွန်းရောက်မှုတွေ၊ မှားယွင်းတဲ့ယုံကြည်မှုတွေကြောင့် နောက်မျိုးဆက်တွေအထိ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ မိသားစုတွေအကြောင်းကိုတွေ့မြင်ရမှာဖြစ်ပြီး သွေးထွက်သံယိုတွေနဲ့သတ်ဖြတ်တဲ့အခန်းတွေလဲပါတာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးလဲဖြစ်ပါတယ်။ Seen by Ei Phyu Khin at မွန်းလွဲ 21:48 ##zawgyi ဒီဇာတ်ကားလေးကတော့ 2020အသစ်ထွက် American psychological ...
N/A
IMDB: N/A/10 N/A votes
movie


2020

Release year

Genres

Release year