Alpha Premium

Christopher Meloni

Harold & Kumar Escape from Guantanamo Bay 6.6

Harold & Kumar Escape from Guantanamo Bay

2008
Premium
Harold & Kumar Go to White Castle 7.1
Harold & Kumar Go to White Castle Harold and Kumar Go To White Castle (2004) [UNRATED Version]  Harold ဆိုတာက ရိုးကုတ်ပြီး အလုပ်ကြိုးစားတဲ့ ကုမ္ပဏီဝန်ထမ်း အာရှသား ကိုးရီးယားလူမျိုးလေးရဲ့ နာမည်။ Kumar ဆိုတာက သောက်ရမ်းဥာဏ်ကောင်းပြီး ဆေးကျောင်းဝင်ခွင့်ဖြေမယ်ဆို ကြိုက်တဲ့နေရာမှာ ကြိုက်သလိုဖြေရင်တောင် ဝင်ခွင့်အောင်ပေမယ့် အဖေဖြစ်သူကို ကြည့်မရလို့ ဘိန်းရှူဖာချနဲ့ ပေါက်လွှတ်ပဲစားနေပြီး အရွဲ့တိုက်နေတဲ့ အိန္ဒိယလူမျိုးလေးရဲ့ နာမည်။ White Castle ဆိုတာကတော့ အမေရိကန်ရဲ့ ပြည်နယ် ၁၃ ခုမှာ ဆိုင်ခွဲပေါင်း ၃၇၇လုံးဖွင့်ထားတဲ့ လေးထောင့်ပုံ ဘာဂါအသေးလေးတွေရောင်းတဲ့ ဟမ်ဘာဂါဆိုင်ရဲ့နာမည်။ ဒီဇာတ်ကားလေးကတော့ ဟာရိုးနဲ့ ကူမာဆိုတဲ့ အခန်းပေါင်းငှားပြီးနေကြတဲ့ ငယ်ကျိုးငယ်နာသူငယ်ချင်းနှစ်ယောက် အလုပ်ပိတ်တဲ့ သောကြာညနေခင်းတစ်ခုမှာ ပျင်းရိလေးတွဲ့နေကြရင်းမှ မစားရတာကြာတဲ့ ဝှိုက်ကာစတယ်ဆိုင်က ဘာဂါကိုသွားစားချင်ပါတယ် ဆိုပြီး အာသီသပြင်းပျနေကြရာကနေမှ ဇာတ်လမ်းစပါတယ်။ ဒါပေမယ့် မစားရတာကြာပြီဆိုတဲ့အတိုင်း ...
7.1
IMDB: 7.1/10 177,479 votes
movie


2004
Twelve Monkeys 8.0
Twelve Monkeys 12 Monkeys (1995) ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။ 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို ...
8.0
IMDB: 8.0/10 560,444 votes
movie

Twelve Monkeys

1995
720p

Release year

Genres

Release year