Alpha Premium

Da Ching

Warriors of the Rainbow: Seediq Bale 7.5
Warriors of the Rainbow: Seediq Bale ##unicode ကမ္ဘာနဲ့တဝန်းမှာ ရှေးအခါကနေ ယနေ့ထိတိုင် စစ်ပွဲတွေဖြစ်နေတာပါ နယ်မြေလိုချင်လို့၊ အာဏာလိုချင်လို့၊ မာန်မာန၊ ဂုဏ်သိက္ခာအတွက် တိုက်ကြတဲ့စစ်ပွဲတွေပေါ့ ဒီဇာတ်ကားကတော့ ထိုင်ဝမ်ကျွန်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ကားဖြစ်ပါတယ် ၁၈၉၅ ခုနှစ် ဂျပန်-တရုတ်ရှီမိုနီဆာကီ သဘောတူစာချုပ်အရ ဖက်ဆစ်ဂျပန်တို့ရဲ့ နယ်ချဲ့ကျူးကျော်မှုအောက်မှာ ထိုင်ဝမ်နိုင်ငံလည်းကျရောက်ခဲ့ပါတယ် ထိုင်ဝမ်နိုင်ငံရဲ့ တောင်တန်းတွေပေါ်မှာ ရှေးအစဦးကတည်းက တည်ရှိနေတဲ့ သူတို့ကိုယ်သူတို့ သက်တန့်သူရဲကောင်းလို့ခေါ်တဲ့ မျိုးနွယ်စုတွေရှိခဲ့ပါတယ် အဲဒီလူရိုင်းမျိုးနွယ်စုတွေဟာ သူတို့ရဲ့ အမဲလိုက်နယ်မြေတွေကို ဂျပန်တွေရဲ့ မတရားသိမ်းပိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်က ရုန်းထွက်ဖို့အတွက် မျိုးနွယ်စု ၆ ခုက စစ်သည်တော်ပေါင်း ၃၀၀ လောက်က ဂျပန်တွေကိုတော်လှန်ပုန်ကန်တဲ့ တိုက်ပွဲကြီးဖြစ်ပေါ်လာခဲ့တာပါ ဒီဇာတ်ကားကို စတင်ရိုက်ကူးစဉ်က ဖလင်ဇာတ်ကား ၂ ခုအဖြစ်ထွက်ရှိခဲ့တာပါ အခု ဇာတ်ကားတစ်ခုတည်းအဖြစ် ပေါင်းစည်းထားတာပါ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ် စစ်ပွဲရဲ့အနိဠာရုံတွေကို ရှုစားကြရမှာဖြစ်ပြီး လူရိုင်းတွေရဲ့ ရက်စက်တဲ့ သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက် အသက်မပြည့်သူတွေနဲ့၊ စိတ်မခိုင်တဲ့သူတွေ ကြည့်ရှုဖို့မသင့်တော်ပါဘူး စိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်း တစ်ခုဖြစ်တာမို့ လက်မလွတ်တမ်း အားပေးလိုက်ပါဦး ##zawgyi ကမ္ဘာနဲ့တ၀န်းမှာ ရှေးအခါကနေ ယနေ့ထိတိုင် စစ်ပွဲတွေဖြစ်နေတာပါ နယ်မြေလိုချင်လို့၊ အာဏာလိုချင်လို့၊ မာန်မာန၊ ဂုဏ်သိက္ခာအတွက် တိုက်ကြတဲ့စစ်ပွဲတွေပေါ့ ဒီဇာတ်ကားကတော့ ထိုင်ဝမ်ကျွန်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ကားဖြစ်ပါတယ် ၁၈၉၅ ခုနှစ် ...
7.5
IMDB: 7.5/10 6,546 votes
movie


2011
Premium

Release year

Genres

Release year