Alpha Premium

Dhaneesh Balan

Thallumaala (2022) 7.6
Thallumaala (2022) #unicode ဒီတစ်ခေါက်မှာတော့Thallumaalaဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ခုခေတ်ရေစီးကြောင်းအကြောင်းတွေကို မီးမောင်းထိုးရိုက်ကူးပေးထားတာပါ။ ဝါဇင်မ်တို့လူငယ်အဖွဲ့ဟာ သူတို့ကိုနည်းနည်းလေး လာထိလိုက်တာနဲ့ဘယ်နေရာမဆို ရန်ပွဲတွေဖန်တီးတဲ့အဖွဲ့ပါ။မကျေနပ်တာရှိတာနဲ့ အဲ့လူဆီကို သွားလက်စားချေတော့တာပဲ။မတရားတာတစ်ခုတွေ့လည်း ဝင်ဖျန်ဖြေရင်း အမြဲရန်ဖြစ်တတ်တဲ့ကောင်ဇိုးလေးတွေအဖွဲ့ပေါ့။ရန်ဖြစ်ရင်း အဖွဲ့ကျသွားတာတွေ ရှိသလို၊ရန်ငြှိုးကျန်နေတဲ့လူတွေလည်းရှိခဲ့ကြပါတယ်။တစ်နေ့မှာ ဝါဇင်မ်ဟာ သူချစ်ရတဲ့ကောင်မလေးနဲ့လက်ထပ်ဖို့ဖြစ်လာပါတယ်။ အဲ့လက်ထပ်ပွဲမှာ ရန်ငြှိုးရှိတဲ့လူတစ်ယောက်က လာစတော့ဝါဇင်မ်ရဲ့နဂိုဗီဇအရ မခံနိုင်ဘဲ ပြန်လုပ်တော့ မင်္ဂလာပွဲကြီးပျက်သွားခဲ့ပါတယ်။ အဲ့အချိန်ကစပြီးဝါဇင်မ်ဟာ ကိုယ့်မင်္ဂလာပွဲမှာတောင် ရန်ဖြစ်တယ်ဆိုပြီး ဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားပါတယ်။ ဇာတ်လမ်းက တခြားဇာတ်တွေလို မင်းသားကနောင်တရသွားတာတို့၊ရန်ငြှိုးကြောင့် မင်းသမီးကိုပြန်ပေးဆွဲတာတို့ အဲ့လိုမျိုးတွေမဟုတ်ဘူး။ ရန်ဖြစ်တဲ့လူတွေကလည်း သူ့ဟာနဲ့သူစည်းကမ်းရှိတယ်။မဆိုင်တဲ့သူကိုဆွဲမထည့်ဘူး။ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ကားပါ။အိန္ဒိယလူနေမှုစတိုင်ကို အနောက်တိုင်းလမ်းသရဲတွေပုံစံ ဖော်ရိုက်ထားသလိုမျိုးပဲ။မင်္ဂလာပွဲမှာလည်းဒူဘိုင်းတွေဆောင်သလိုမျိုး လုပ်ထားတာ။တကယ်ခေတ်နဲ့အညီ လူငယ်ကောင်လေးတွေရဲ့အတွေးအခေါ်တွေ၊အမြင်တွေ၊ အဖွဲ့ကျပုံတွေ၊စည်းလုံးပုံတွေကို ချက်ကျလက်ကျကို ရိုက်ကူးသွားတာဖြစ်တဲ့အတွက် အားပေးကြည့်ရှုကြပါအုံးရှင်။ ##zawgyi ဒီတစ္ေခါက္မွာေတာ့Thallumaalaဆိုတဲ့ ဇာတ္ကားေလးတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ ဇာတ္လမ္းေလးကေတာ့ ခုေခတ္ေရစီးေၾကာင္းအေၾကာင္းေတြကို မီးေမာင္းထိုး႐ိုက္ကူးေပးထားတာပါ။ ဝါဇင္မ္တို႔လူငယ္အဖြဲ႕ဟာ သူတို႔ကိုနည္းနည္းေလး လာထိလိုက္တာနဲ႔ဘယ္ေနရာမဆို ရန္ပြဲေတြဖန္တီးတဲ့အဖြဲ႕ပါ။မေက်နပ္တာရွိတာနဲ႔ အဲ့လူဆီကို သြားလက္စားေခ်ေတာ့တာပဲ။မတရားတာတစ္ခုေတြ႕လည္း ဝင္ဖ်န္ေျဖရင္း အၿမဲရန္ျဖစ္တတ္တဲ့ေကာင္ဇိုးေလးေတြအဖြဲ႕ေပါ့။ရန္ျဖစ္ရင္း အဖြဲ႕က်သြားတာေတြ ရွိသလို၊ရန္ျငႇိဳးက်န္ေနတဲ့လူေတြလည္းရွိခဲ့ၾကပါတယ္။တစ္ေန႔မွာ ဝါဇင္မ္ဟာ သူခ်စ္ရတဲ့ေကာင္မေလးနဲ႔လက္ထပ္ဖို႔ျဖစ္လာပါတယ္။ အဲ့လက္ထပ္ပြဲမွာ ရန္ျငႇိဳးရွိတဲ့လူတစ္ေယာက္က လာစေတာ့ဝါဇင္မ္ရဲ႕နဂိုဗီဇအရ မခံႏိုင္ဘဲ ျပန္လုပ္ေတာ့ မဂၤလာပြဲႀကီးပ်က္သြားခဲ့ပါတယ္။ အဲ့အခ်ိန္ကစၿပီးဝါဇင္မ္ဟာ ကိုယ့္မဂၤလာပြဲမွာေတာင္ ရန္ျဖစ္တယ္ဆိုၿပီး ဆိုရွယ္မီဒီယာမွာနာမည္ႀကီးသြားပါတယ္။ ဇာတ္လမ္းက တျခားဇာတ္ေတြလို မင္းသားကေနာင္တရသြားတာတို႔၊ရန္ျငႇိဳးေၾကာင့္ မင္းသမီးကိုျပန္ေပးဆြဲတာတို႔ အဲ့လိုမ်ိဳးေတြမဟုတ္ဘူး။ ရန္ျဖစ္တဲ့လူေတြကလည္း သူ႔ဟာနဲ႔သူစည္းကမ္းရွိတယ္။မဆိုင္တဲ့သူကိုဆြဲမထည့္ဘူး။ဟာသေလးေတြေႏွာၿပီး ႐ိုက္ထားတဲ့ကားပါ။အိႏၵိယလူေနမႈစတိုင္ကို အေနာက္တိုင္းလမ္းသရဲေတြပုံစံ ေဖာ္႐ိုက္ထားသလိုမ်ိဳးပဲ။မဂၤလာပြဲမွာလည္းဒူဘိုင္းေတြေဆာင္သလိုမ်ိဳး လုပ္ထားတာ။တကယ္ေခတ္နဲ႔အညီ လူငယ္ေကာင္ေလးေတြရဲ႕အေတြးအေခၚေတြ၊အျမင္ေတြ၊ ...
7.6
IMDB: 7.6/10 2,023 votes
movie

Thallumaala (2022)

2022

Release year

Genres

Release year