Alpha Premium

Dhanraj

Power Play (2021) 6.8
Power Play (2021) ##unicode ဗီဂျေးက သာမန်လူလတ်တန်းစားမိသားစုက သားတစ်ယောက်။ သူ့မှာမကြာခင်လက်ထပ်ရတော့မယ့် ချစ်ရတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အဖေပင်စင်ယူပြီးရင် သူ့အဖေနေရာကိုသူကဝင်လုပ်မယ်။ အနာဂတ်ဟာ သာယာလို့နေတယ်။ ဒါပေမဲ့ အဲ့လိုသာယာနေတဲ့ဘဝလေးက ဂြိုလ်ဆိုးဝင်သွားခဲ့တယ်။ တစ်ညမှာ ATM စက်ကနေပိုက်ဆံထုတ်ပြီး သူ့ကောင်မလေးနဲ့ဘားမှာသွားပျော်ကြတယ်။ အဲ့မှာဘားက တာဝန်ရှိသူက သူ့ကိုခေါ်ပြီး ပေးထားတဲ့ပိုက်ဆံကအတုတွေဖြစ်နေကြောင်းပြော၊ သူကလည်း အခုမှ ATM ကနေထုတ်လာကြောင်းရှင်းပြနဲ့ နောက်ဆုံးရဲစခန်းကိုရောက်သွားတယ်။ အဲ့မှာပဲ လူကြီးသားသမီးတွေရဲ့ မူးယစ်ဆေးဝါးသုံးတဲ့အမှုကို အာရုံလွှဲချင်နေတဲ့ရဲအရာရှိက မီဒီယာတွေခေါ်ပြီး ငွေတုကိစ္စကို အကျယ်ချဲ့ပစ်လိုက်တယ်။ အဲ့ဒါနဲ့ ဗီဂျေးတစ်ယောက်လည်း ဘာမှမဆိုင်တဲ့အမှုမှာကြားညပ်ပြီး သိက္ခာလည်းကျ၊ မင်္ဂလာပွဲလည်းပျက်၊ ဘဝလည်းပျက်ရတော့တယ်။ဒါပေမဲ့ ဗီဂျေးကလက်မလျှော့ဘဲ သူအပြစ်မရှိကြောင်း သက်သေအထောက်အထားတွေရအောင် အပူတပြင်းလိုက်စုံစမ်းပါတော့တယ်။ ဗီဂျေးတစ်ယောက် အမှုကနေလွတ်သွားနိုင်မှာလား၊ သူရင်ဆိုင်ရမယ့် ရန်သူကရောဘယ်သူလဲ၊ ATM စက်ထဲကိုရော ငွေအတုတွေကဘယ်လိုရောက်နေတာလဲ စတာတွေကိုတော့ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြည့်ကြပါဦးနော်။ ##zawgyi ဗီေဂ်းက သာမန္လူလတ္တန္းစားမိသားစုက သားတစ္ေယာက္။ သူ႔မွာမၾကာခင္လက္ထပ္ရေတာ့မယ့္ ခ်စ္ရတဲ့ေကာင္မေလးတစ္ေယာက္ရွိတယ္။ သူ႔အေဖပင္စင္ယူၿပီးရင္ သူ႔အေဖေနရာကိုသူကဝင္လုပ္မယ္။ အနာဂတ္ဟာ သာယာလို႔ေနတယ္။ ဒါေပမဲ့ အဲ့လိုသာယာေနတဲ့ဘဝေလးက ၿဂိဳလ္ဆိုးဝင္သြားခဲ့တယ္။ တစ္ညမွာ ATM စက္ကေနပိုက္ဆံထုတ္ၿပီး သူ႔ေကာင္မေလးနဲ႔ဘားမွာသြားေပ်ာ္ၾကတယ္။ အဲ့မွာဘားက တာဝန္ရွိသူက သူ႔ကိုေခၚၿပီး ေပးထားတဲ့ပိုက္ဆံကအတုေတြျဖစ္ေနေၾကာင္းေျပာ၊ သူကလည္း အခုမွ ATM ကေနထုတ္လာေၾကာင္းရွင္းျပနဲ႔ ေနာက္ဆုံးရဲစခန္းကိုေရာက္သြားတယ္။ အဲ့မွာပဲ ...
6.8
IMDB: 6.8/10 758 votes
movie

Power Play (2021)

2021
Ruler 4.0
Ruler
4.0
IMDB: 4.0/10 173 votes
movie

Ruler

2019
Premium

Release year

Genres

Release year