Alpha Premium

Elvis Tsui

A Man Called Hero (1999) 5.8
A Man Called Hero (1999) A man called Hero (1999) မြန်မာစာတန်းထိုး ================================= ##zawgyi ဒီဇာတ်ကားကတော့ တရုတ်လူမျိုး ဟီးရိုးဟွာဆိုတဲ့ ကိုယ်ခံပညာရှင်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် ဟီးရိုးဆိုတဲ့လူငယ်လေးဟာ မိဘတွေရဲ့ဆန္ဒအရ ပညာရှင်တစ်ယောက်ထံမှာ ကိုယ်ခံပညာကိုသင်ကြားခဲ့ပါတယ် တစ်ချိန်ထဲမှာ သူ့ရဲ့မိဘနှစ်ပါးဟာ ရက်စက်စွာအသတ်ခံခဲ့ရပါတယ် သူ့အမေနောက်ဆုံးပြောသွားတဲ့လူသတ်တရားခံကိုသတ်ပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ် သူဟာမိုင်းတွင်းတစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ် သူ့ဇနီးကိုယ်ဝန်သည်လိုက်လာပြီး ကလေးမီးဖွားတဲ့အချိန်မှာ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ဇနီးသည် သေဆုံးပြီး ရင်သွေးများနဲ့ကွဲကွာခဲ့ရပါတယ် ကလေးတွေအရွယ်ရောက်လာတဲ့အချိန် အမေရိကန်ကိုရောက်လာပြီး သူတို့အဖေ ဟီးရိုးကို ရှာဖွေခဲ့ပါတယ် သူတို့အဖေကိုတွေ့ဖို့ရှာရင်း ဖခင် မိုင်းတွင်းမှာလုပ်စဉ်က ဖိနှိပ်ခံရမှုများ မိခင်ကြီးသေဆုံးခဲ့ရသည့်ဖြစ်ရပ်တွေကိုသိခဲ့ပြီး ဖခင်ကိုတွေ့ချိန်မှာတော့ ဖခင်ကအသိအမှတ်မပြုသောအခါ သူတို့ရဲ့ဖခင်က ဘာကြောင့်လက်မခံရသလဲ ကွဲကွာသွားတဲ့အချိန်မှာဘာတွေဖြစ်ခဲ့သလဲ ဟီးရိုးဆိုတဲ့လူကြီးဟာ ဘာကြောင့် ပုန်းကွယ်နေရလည်းဆိုတာတွေကို မိဘမေတ္တာအကြောင်း၊မိမိနိုင်ငံနဲ့လူမျိုးအတွက်၊ မိမိဆရာသမားအတွက် ဘာတွေပေးဆပ်ခဲ့လဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ##unicode ဒီဇာတ်ကားကတော့ တရုတ်လူမျိုး ဟီးရိုးဟွာဆိုတဲ့ ကိုယ်ခံပညာရှင်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ် ဟီးရိုးဆိုတဲ့လူငယ်လေးဟာ မိဘတွေရဲ့ဆန္ဒအရ ပညာရှင်တစ်ယောက်ထံမှာ ကိုယ်ခံပညာကိုသင်ကြားခဲ့ပါတယ် တစ်ချိန်ထဲမှာ သူ့ရဲ့မိဘနှစ်ပါးဟာ ရက်စက်စွာအသတ်ခံခဲ့ရပါတယ် သူ့အမေနောက်ဆုံးပြောသွားတဲ့လူသတ်တရားခံကိုသတ်ပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ် သူဟာမိုင်းတွင်းတစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ် သူ့ဇနီးကိုယ်ဝန်သည်လိုက်လာပြီး ကလေးမီးဖွားတဲ့အချိန်မှာ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ဇနီးသည် သေဆုံးပြီး ရင်သွေးများနဲ့ကွဲကွာခဲ့ရပါတယ် ကလေးတွေအရွယ်ရောက်လာတဲ့အချိန် အမေရိကန်ကိုရောက်လာပြီး သူတို့အဖေ ဟီးရိုးကို ရှာဖွေခဲ့ပါတယ် သူတို့အဖေကိုတွေ့ဖို့ရှာရင်း ဖခင် မိုင်းတွင်းမှာလုပ်စဉ်က ဖိနှိပ်ခံရမှုများ မိခင်ကြီးသေဆုံးခဲ့ရသည့်ဖြစ်ရပ်တွေကိုသိခဲ့ပြီး ဖခင်ကိုတွေ့ချိန်မှာတော့ ဖခင်ကအသိအမှတ်မပြုသောအခါ သူတို့ရဲ့ဖခင်က ဘာကြောင့်လက်မခံရသလဲ ကွဲကွာသွားတဲ့အချိန်မှာဘာတွေဖြစ်ခဲ့သလဲ ဟီးရိုးဆိုတဲ့လူကြီးဟာ ဘာကြောင့် ပုန်းကွယ်နေရလည်းဆိုတာတွေကို မိဘမေတ္တာအကြောင်း၊မိမိနိုင်ငံနဲ့လူမျိုးအတွက်၊ မိမိဆရာသမားအတွက် ဘာတွေပေးဆပ်ခဲ့လဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် Review ...
5.8
IMDB: 5.8/10 1,765 votes
movie

A Man Called Hero (1999)

1999
Premium
Body Weapon 4.3
Body Weapon ဒီကားလေးဟာ1999ခုနစ်ကထွက်ခဲ့တာဖြစ်လို့ ဟောင်းနေပြီဆိုပေမယ့် ဟွမ်ဖေးဟုန်လို့လူသိများတဲ့ မင်းသားကြီးVicent Zhao အဓိကပါဝင်သရုပ်ဆောင်ထားလို့ အကြိုက်တွေ့စေမှာပါ.. Body weaponဆိုတဲ့ ခေါင်းစဉ်အတိုင်း ညစ်ညမ်းတဲ့အခန်းတွေပါလို့မိသားစုနဲ့ကြည့်လို့မသင့်တော်ပါဘူး.. ဇာတ်လမ်းအကျဉ်းကတော့ ဟောင်ကောင်မြို့မှာ မျက်နှာဖုံးနဲ့လူဦးဆောင်တဲ့အဖွဲ့ဟာ အကြမ်းဖက်နှိပ်စက်ပြီး မိန်းကလေးကိုအဓမ္မကျင့်သတ်ဖြတ်မှုတွေကျူးလွန်နေပါတယ်… ဒီအမှုကိုစုံစမ်းနေတဲ့ ရဲမေတစ်ယောက်ဟာ သူမရဲ့မဂ်လာဦးညမှာ ဒီမျက်နှာဖုံးလူသတ်သမားနဲ့ဆုံတွေ့ရတဲ့အခါ… သူမရော ဒီလူရမ်းကားလက်ကလွတ်မလား… မျက်နှာဖုံးလူသတ်သမားခေါင်းဆောင်ကိုဘယ်သူတွေက ဘယ်လိုဖော်ထုတ်ကြမှာလဲ..စိတ်ဝင်စားစရာပါ။ တိုက်ခိုက်ထိုးသတ်မှုတွေနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဟောင်ကောင် အက်ရှင်ဇာတ်ကားကောင်းတစ်ပုဒ်ပါ။
4.3
IMDB: 4.3/10 234 votes
movie

Body Weapon

1999
Premium
Hail the Judge 7.5
Hail the Judge
7.5
IMDB: 7.5/10 2,979 votes
movie

Hail the Judge

1994
720p / Premium
Royal Tramp 1+2 7.2
Royal Tramp 1+2 မင်းသားကြီး စတီဖင်ချောင်ရဲ့ IMDb Rating (7.2/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။ ရယ်ရလွန်းလို့ အူတောင်တက်ပါတယ်။ ဘဝရဲ့ရှင်သန်နေထိုင်မှုပုံစံမျိုးစုံထဲမှာ ဒီဇာတ်ကားထဲက ဇာတ်ကောင်ဝေချွဲဘိုရဲ့နေထိုင်မှုစရိုက်ပုံစံကိုတော့ အတော်သဘောကျမိပါတယ်။ ကျွန်တော့်စိတ်ထင် ဒိန်ခဲရွှေ့တဲ့စာအုပ်ထဲက ဖိန့်တစ်လုံးဆောင်ထားတဲ့ လူတစ်ယောက်ပုံစံမျိုးပါ။ ဘဝဆိုတာ ကြမ်းတမ်းတယ်…မရိုးရှင်းဘူး… ကံကြမ္မာကလဲ အံစာတုံးတစ်တုံးလို ကျချင်တဲ့နံပါတ်ကိုချပြတယ်…ဒီလိုဘဝကြီးထဲမှာ ပျော်ရွှင်စွာ နှစ်မြောခံစားဖို့ အရာအားလုံးကို ကြုံသလိုဖြေရှင်းသွားပြီး လောကရဲ့အနှစ်သာရကိုအပြည့်အဝခံစားသွားတဲ့ ဝေချွဲဘိုဆိုတဲ့ဇာတ်ကောင်ဟာ စိတ်ညစ်စရာတွေတွေ့လာတဲ့အခါ အမှတ်ရစရာအဖြစ်ရှိနေမှာပါ။ ဇာတ်လမ်းကတော့… ဝေချွဲဘိုဟာ တစ်ဝမ်းတစ်ခါးကိုကြုံသလိုဖြေရှင်းနေသူပါ။ တစ်နေ့တော့ ဘုရင့်ကိုတော်လှန်နေတဲ့အဖွဲ့ထဲ မထင်မှတ်ဘဲရောက်သွားပြီး နန်းတွင်းမှာ အယောင်ဆောင်အမှုထမ်းပြီး ဘုရင်ကိုလုပ်ကြံဖို့နဲ့ သိုင်းကျမ်းကိုခိုးယူဖို့စေလွှတ်ခံရပါတယ် ဒါနဲ့ ရွှေနန်းတော်မှာ အမှုထမ်းဖို့ အလုပ်သွားလျှောက်တာ မထင်မှတ်ဘဲ ကုန်းကုန်းအမှုထမ်းခေါ်တဲ့ဖက်ရောက်သွားပြီး ဝှေးသင်းတဲ့နေရာကိုရောက်သွားပါတယ်။ ကံကောင်းစွာနဲ့ ဝှေးသင်းမခံရဘဲ နန်းတော်ရဲ့အရှုပ်ထုပ်တစ်ခုမှာ အမှုထမ်းဖို့ထပ်မံစေခိုင်းခံရပါတယ်။ ရွှေနန်းတော်ကလဲ အတော်ရှုပ်ထွေးပြီး ဘုရင်ကလဲ ကလေးအရွယ်မို့ အမတ်တွေဟာ သူတစ်လူ ငါတစ်မင်း လုပ်ချင်ရာလုပ်နေကြပါတယ်။ သူဟာ နန်းတော်အတွင်းမှာ ဘုရင်နဲ့ပါထပ်မံခင်မင်သွားတဲ့အခါမှာတော့……. ဝေချွဲဘိုဟာ …ဘုရင်ကိုလုပ်ကြံချင်သူအဖွဲ့ထဲကလဲဖြစ်သလို… သိုင်းကျမ်းခိုးယူမယ့်အဖွဲ့ကလဲဖြစ်သလို… ဘုရင့်ဘက်တော်သားလဲဖြစ်လာတဲ့အခါမှာ…
7.2
IMDB: 7.2/10 3,012 votes
movie

Royal Tramp 1+2

1992
720p / Premium