Alpha Premium

Gerry Robert Byrne

Man on the Moon (1999) 7.4
Man on the Moon (1999) (App member only) ##unicode ကဲ ဒီတစ်ခါမှာ မင်းသားကြီး Jim Carrey ရဲ့ Old but Gold ကားတစ်ကားဖြစ်တဲ့ "Man On The Moon (1999)"ဆိုတဲ့ အင်္ဂလိပ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အန်ဒီကားဖ်မန်းရဲ့ သမားရိုးကျမဆန်တဲ့ဟာသတွေအကြောင်းနဲ့ သူရဲ့ဘဝအကြောင်းကို တွေ့ရှိရမှာပါ။ အန်ဒီကားဖ်မန်းဆိုတဲ့ တစ်မူထူးခြားတဲ့သူဟာ ပရိတ်သတ်တွေအတွက် ဟာသတွေတင်ဆက်ရင်း၊ သီဆိုကပြရင်းနဲ့ပဲ.....Taxiဆိုတဲ့တီဗီရှိုးတစ်ခုမှာ လတ်ကာလို့ခေါ်တဲ့စက်ပြင်ဆရာအနေနဲ့ပါဝင်ဖို့ဖြစ်လာပါတယ်။နောက်ပိုင်းမှာတော့ သူဟာ အမျိုးသမီးတွေနဲ့နပမ်းပြိုင်သူအဖြစ် နာမည်ကြီးလာတော့တာပါပဲ။ ပရိသတ်တွေကို ကြိုးကိုင်ချယ်လှယ်တဲ့နေရာမှာ သိပ်ကိုကျွမ်းကျင်လာတဲ့ အန်ဒီဟာ ဖျော်ဖြေတင်ဆက်မှုတွေလုပ်ရင်း ပရိသတ်တွေကိုရယ်မောစေခဲ့တယ်။ သူဟာ ဖျော်ဖြေတင်ဆက်မှုတွေကို အစစ်အမှန်ဖြစ်အောင်ဖန်တီးတင်ဆက်ရင်းနဲ့ပဲ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေတောင် အမှန်တရားကို မခန့်မှန်းတတ်တော့တဲ့အထိဖြစ်လာခဲ့တော့တယ်။ အဲဒီလိုနဲ့ အန်ဒီရဲ့ဘဝမှာ ဘာတွေကြုံတွေ့လာရမလဲ၊ သူနဲ့သူ့ကောင်မလေးရဲ့ဆက်ဆံရေး၊ သူနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ဆက်ဆံရေးကရော ဘယ်လိုတွေရှိမလဲ၊ အန်ဒီရဲ့ဘဝဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိကြရမှာဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။ ##zawgyi ကဲ ဒီတစ်ခါမှာ မင်းသားကြီး Jim Carrey ရဲ့ Old but Gold ကားတစ်ကားဖြစ်တဲ့ "Man On The Moon ...
7.4
IMDB: 7.4/10 130,431 votes
movie

Man on the Moon (1999)

1999
Eternal Sunshine of the Spotless Mind 8.3
Eternal Sunshine of the Spotless Mind Eternal Sunshine of The Spotless Mind IMDb…8.3,,,,Rotten…93 ကျွန်တော်တို့တွေ အရွယ်လေးရ အသိဥာဏ်လေးစဖွံဖြိုးလာတဲ့အချိန်ကစလို့ အနည်းအများ အနာဂတ်အတွက်အစီအစဉ်တွေဆွဲကြတယ်အထူးသဖြင့်စီးပွားရေး အချစ်ရေးတွေပေါ့…တစ်ချို့သောအရာတွေဟာ အစီအစဉ်အတိုင်းဖြစ်ပေမယ့် အချစ်ရေးမှာတော့ တက်တက် စင်အောင်လွဲမှားမှုတွေရှိတတ်တယ် ဘာလို့ဆို နှလုံးသားက ဦးဏှောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိလို့ပါပဲ အချစ်စိတ်ကြောင့်မလုပ်နိုင်ဘူးထင်တာတွေလုပ်ရဲလာတယ် မကြောက်သင့်တာတွေကိုကြောက်တတ်လာတယ်….ချစ်သူ ၂ ဦးအဖို့ မွေးဖွားရာပတ်ဝန်းကျင်မတူ ရပ်တည်ပုံချင်းမတူဆိုတော့ ရေရှည်မှာ အထိုက်အလျှောက် အယူအဆတွေလွဲမှားလာကြတတ်တယ်…..ဒီလိုအချိန်မှာ နားလည်မှုဆိုတဲ့ဝေါဟာရဟာပျောက်ဆုံးနေတတ်တယ်… သိပ်ချစ်ပေမယ့် လမ်းခွဲလိုက်ရတဲ့အခါမှာ သူနဲ့ပတ်သက်သမျှအတိတ်ကအမှတ်တရတွေအားလုံးကိုမေ့ပစ်ချင်ကြတယ် ဒီကားထဲက Joel နဲ့ Clementine ဆိုတဲ့ စုံတွဲလေးက ချစ်စအချိန်မှာတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေပေမယ့် အချိန်ကြာမြင့်လာတာနဲ့အမျှ ပြသနာသေးသေးလေးတွေ အဖုအထစ်လေးတွေ ကြုံလာရပါတော့တယ်။ အဲ့လိုအချိန်မှာ အေးအေးေ ဆးဆေးသမား စကားနည်းတဲ့ Joel နဲ့ စိတ်မြန်လက်မြန် Clementine တို့နှစ်ယောက် ဝေးကွာသွားခဲ့ပြီး ကိုယ့်လက်တွဲဖော်ကို ကိုယ့်မှတ်ဉာဏ်တွေထဲကအပြီးထုတ်ပစ်ဖို့ နှစ်ယောက်စလုံး ကြိုးစားလာပါတော့တယ်..မှတ်ဥာဏ်ဖျက်ပေးတဲ့သိပံပညာရှင်ဆီမှာအကူအညီတောင်းတယ်. မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့အခါ ဝမ်းနည်းစရာ၊ ပြသနာဖြစ်ခဲ့တဲ့အချိန်ကာလတွေအပြင် ပျော်ရွှင်ရယ်မောခဲ့တဲ့အချိန်တွေကိုပါ ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် Joel တစ်ယောက် ...
8.3
IMDB: 8.3/10 880,215 votes
movie

Eternal Sunshine of the Spotless Mind

2004
Premium

Release year

Genres

Release year