Alpha Premium

Jamie Schneider

The Midnight Sky (2020) N/A
The Midnight Sky (2020) ##unicode ဒီဇာတ်ကားလေးမှာတော့ ကမ္ဘာကြီးဟာ နောင်တစ်ချိန်မှာ သက်ရှိတွေ အသက်မရှင်နိုင်မယ့်အရေးကို မျှော်တွေးပြီး K-23 ဆိုတဲ့ဂြိုလ်တစ်ခုကို စူးစမ်းလေ့လာဖို့ အာကာသယာဉ်တစ်စီးကို လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲ့ယာဉ်ပြန်မလာခင် ၂ နှစ်အတွင်းမှာပဲ ကမ္ဘာကြီးဟာ အခြေအနေဆိုးဝါးလာပြီး သက်ရှိတွေအသက်ရှင်ဖို့ ခက်ခဲလာတာကြောင့် လူသားတွေဟာ K-23 ကို ပြောင်းရွှေ့ကြရပါတော့တယ်။ ဒါပေမဲ့ ဒီဂြိုလ်ရှိပြီး လူသားတွေအသက်ရှင်နိုင်လောက်တာကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင် အောဂတ်စတင်းကတော့ ကမ္ဘာမှာပဲကျန်ရစ်ခဲ့ပါတယ်။ နောက်ဆုံးလူတွေအားလုံး ထွက်သွားကြပြီးခါမှ အောဂတ်စတင်းဟာ ကျန်ခဲ့တဲ့ကလေးမလေးတစ်ယောက်ကို ရှာတွေ့သွားပါတယ်။ အဲ့ဒါနဲ့ပဲ ကလေးမလေးကို ပြန်လာခေါ်ဖို့ ထွက်ခွာသွားတဲ့ယာဉ်တွေဆီကို ဆက်သွယ်ဖို့ကြိုးစားရင်း K-23 ကိုစူးစမ်းဖို့ထွက်သွားပြီး ကမ္ဘာမြေကိုပြန်လာတဲ့၊ ကမ္ဘာမြေနဲ့ အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတဲ့ အာကာသယာဉ်နဲ့ ချိတ်ဆက်မိသွားပါတယ်။ ပျက်စီးသွားပြီဖြစ်တဲ့ ကမ္ဘာကြီးပေါ်က အဖိုးကြီးနဲ့ ကလေယမလေးတစ်ယောက်... ကမ္ဘာကြီးအကြောင်း ဘာမှမသိသေးဘဲ မျှော်လင့်ချက်တွေနဲ့ အိမ်ပြန်လာတဲ့အဖွဲ့... တို့အကြောင်းကို ကြည့်ရှု့ခံစားကြရမှာပါ။ ဇာတ်သိမ်းမှာ ရင်ထဲတစ်ခုခုတော့ ကျန်ခဲ့ကြမှာပါလို့ ညွှန်းပေးချင်ပါတယ်။ ##zawgyi ဒီဇာတ်ကားလေးမှာတော့ ကမ္ဘာကြီးဟာ နောင်တစ်ချိန်မှာ သက်ရှိတွေ အသက်မရှင်နိုင်မယ့်အရေးကို မျှော်တွေးပြီး K-23 ဆိုတဲ့ဂြိုလ်တစ်ခုကို စူးစမ်းလေ့လာဖို့ အာကာသယာဉ်တစ်စီးကို လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ...
N/A
IMDB: N/A/10 N/A votes
movie

The Midnight Sky (2020)

2020
1080p

Release year

Genres

Release year