Alpha Premium

Justin Whalin

Dungeons & Dragons (2000) 3.6
Dungeons & Dragons (2000) (App member only) ##unicode "Dungeons And Dragons (2000)"ဆိုတဲ့အင်္ဂလိပ်ဇာတ်ကားလေးကို ဒီတစ်ခါတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့..... အစ်ဇ်မီရ်အင်ပါယာမှာ "မေးဂ်ျ"တွေလို့ခေါ်ဆိုကြတဲ့ မှော်ပညာတတ်ကျွမ်းတဲ့လူတွေက နေရာရပြီးအုပ်စိုးနိုင်ကာ သာမန်လူတွေကတော့ အရေးအရာသွင်းခြင်းမခံရပါဘူး။မေးဂ်ျတစ်ယောက်ဖြစ်တဲ့ ပရိုဖီယွန်ဆိုတဲ့လူဟာ ဧကရီဆာဗီနာကိုနန်းကနေဖြုတ်ချချင်နေခဲ့တဲ့သူပါပဲ။ ဧကရီကတော့ မေးဂ်ျတွေပဲဖြစ်ဖြစ် သာမန်လူတွေပဲဖြစ်ဖြစ် တန်းတူညီမျှအခွင့်အရေးရရှိသင့်တယ်လို့သတ်မှတ်ထားခဲ့တယ်။ ရစ်ဒ်လီနဲ့စနေးလ်စ်လို့ခေါ်တဲ့သူငယ်ချင်းနှစ်ယောက်ကတော့ သူခိုးတွေပါ။တစ်ညမှာ သူတို့နှစ်ယောက်ဟာ မှော်ကျောင်းတော်ထဲကို ပစ္စည်းခိုးဖို့ ဝင်ရောက်သွားခဲ့တယ်။အဲဒီမှာပဲ မာရီနာလို့ခေါ်တဲ့ မေးဂ်ျအမျိုးသမီးလေးတစ်ယောက်နဲ့တွေ့ဆုံကာ အတူတူပူးပေါင်းပြီး အနီရောင်နဂါးတွေကိုထိန်းချုပ်နိုင်တဲ့ဆက်ဗ်ရီးလ်နှင်တံကိုရှာဖို့ အကြောင်းဖန်လာခဲ့တယ်။ တစ်ဖက်မှာလည်း ပရိုဖီယွန်က နှင်တံကိုသူ့ရှေ့မှောက်အရောက်ယူလာပေးဖို့အတွက် လက်အောက်ငယ်သားတစ်ယောက်ကိုစေလွှတ်ထားတဲ့အခါမှာ......... ရစ်ဒ်လီတို့အဖွဲ့က နှင်တံကိုဘယ်လိုရှာဖွေကြမလဲ၊ ပရိုဖီယွန်ရဲ့လူနဲ့ရော ဘယ်လိုတွေရင်ဆိုင်ကြရမလဲ၊ အင်ပါယာဟာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါနော်။ ##zawgyi "Dungeons And Dragons (2000)"ဆိုတဲ့အဂၤလိပ္ဇာတ္ကားေလးကို ဒီတစ္ခါတင္ဆက္ေပးလိုက္ပါတယ္။ ဇာတ္လမ္းေလးကေတာ့..... အစ္ဇ္မီရ္အင္ပါယာမွာ "ေမးဂ္်"ေတြလို႔ေခၚဆိုၾကတဲ့ ေမွာ္ပညာတတ္ကြၽမ္းတဲ့လူေတြက ေနရာရၿပီးအုပ္စိုးႏိုင္ကာ သာမန္လူေတြကေတာ့ အေရးအရာသြင္းျခင္းမခံရပါဘူး။ေမးဂ္်တစ္ေယာက္ျဖစ္တဲ့ ပ႐ိုဖီယြန္ဆိုတဲ့လူဟာ ဧကရီဆာဗီနာကိုနန္းကေနျဖဳတ္ခ်ခ်င္ေနခဲ့တဲ့သူပါပဲ။ ဧကရီကေတာ့ ေမးဂ္်ေတြပဲျဖစ္ျဖစ္ သာမန္လူေတြပဲျဖစ္ျဖစ္ တန္းတူညီမွ်အခြင့္အေရးရရွိသင့္တယ္လို႔သတ္မွတ္ထားခဲ့တယ္။ ရစ္ဒ္လီနဲ႔စေနးလ္စ္လို႔ေခၚတဲ့သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ သူခိုးေတြပါ။တစ္ညမွာ သူတို႔ႏွစ္ေယာက္ဟာ ေမွာ္ေက်ာင္းေတာ္ထဲကို ပစၥည္းခိုးဖို႔ ဝင္ေရာက္သြားခဲ့တယ္။အဲဒီမွာပဲ မာရီနာလို႔ေခၚတဲ့ ေမးဂ္်အမ်ိဳးသမီးေလးတစ္ေယာက္နဲ႔ေတြ႕ဆုံကာ အတူတူပူးေပါင္းၿပီး အနီေရာင္နဂါးေတြကိုထိန္းခ်ဳပ္ႏိုင္တဲ့ဆက္ဗ္ရီးလ္ႏွင္တံကိုရွာဖို႔ အေၾကာင္းဖန္လာခဲ့တယ္။ တစ္ဖက္မွာလည္း ပ႐ိုဖီယြန္က ႏွင္တံကိုသူ႔ေရွ႕ေမွာက္အေရာက္ယူလာေပးဖို႔အတြက္ လက္ေအာက္ငယ္သားတစ္ေယာက္ကိုေစလႊတ္ထားတဲ့အခါမွာ......... ရစ္ဒ္လီတို႔အဖြဲ႕က ႏွင္တံကိုဘယ္လိုရွာေဖြၾကမလဲ၊ ပ႐ိုဖီယြန္ရဲ႕လူနဲ႔ေရာ ...
3.6
IMDB: 3.6/10 33,616 votes
movie

Dungeons & Dragons (2000)

2000

Release year

Genres

Release year