Alpha Premium

Madhupal

The Priest (2021) 7.4
The Priest (2021) ##unicode စိတ်ပညာနားလည်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို အာလတ်မိသားစုရဲ့လူသေမှုတွေနဲ့ပတ်သက်ပြီး မသင်္ကာစရာတွေရှိကြောင်း ကောင်မလေးတစ်ယောက်က လာပြီးတိုင်ပင်ပါတယ်။ အာလတ်လုပ်ငန်းတွေရဲ့ပိုင်ရှင်မိသားစုဝင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် သတ်သေသွားကြတာပါ။ အဲ့လိုနဲ့နောက်ဆုံးပိုင်ရှင်ဖြစ်လာတဲ့ ချွေးမအဲလိဇဘက်ကို သင်္ကာမကင်းဖြစ်နေတုန်းမှာပဲ အဲလိဇဘက်လည်း သတ်သေသွားခဲ့ပါတယ်။ အဲလိဇဘက်ကမသေခင်မှာ အလုပ်ကိစ္စသွားရင် မိဘမဲ့ကျောင်းကထွက်ပြေးလာတဲ့ ကောင်မလေးအမ်မဲရာနဲ့တွေ့ပြီး အိမ်ကိုခေါ်လာခဲ့ပါတယ်။ အဲ့နေ့ညအဲလိဇဘက် သတ်သေတဲ့အချိန် အိမ်ထဲမှာ အဲလိဇဘက်နဲ့အမ်မဲရာ ၂ ယောက်တည်းရှိနေခဲ့တာပါ။ ရဲတွေက အမ်မဲရာကိုမေးမြန်းတော့လည်း ဘာအဖြေမှမရခဲ့ဘဲ မိဘမဲ့ဂေဟာကိုပဲပြန်ပို့လိုက်ရပါတယ်။ ဒါပေမဲ့ ဘုန်းတော်ကြီးကတော့ ဒါဟာသတ်သေတာမဟုတ်ဘဲ လူသတ်မှုလို့ သံသယရှိနေခဲ့ပါတယ်။ အမ်မဲရာဟာ ကျောင်းမှာရော၊ ဂေဟာမှာပါ ဘယ်သူနဲ့မှစကားမပြောတဲ့ ထူးဆန်းတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့တော့ စကားစဆွဲထုတ်လို့မရတဲ့ လူသတ်မှုရဲ့အဓိကမျက်မြင်သက်သေ အမ်မဲရာနဲ့ ဘုန်းတော်ကြီးတို့ ဘယ်လိုတွေရင်ဆိုင်ပြီး အမှုကိုဖော်ထုတ်မလဲဆိုတာ မထင်မှတ်ထားတဲ့ အချို့အကွေ့များစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ##zawgyi စိတ္ပညာနားလည္တဲ့ ခရစ္ယာန္ဘုန္းေတာ္ႀကီးတစ္ပါးကို အာလတ္မိသားစုရဲ႕လူေသမႈေတြနဲ႔ပတ္သက္ၿပီး မသကၤာစရာေတြရွိေၾကာင္း ေကာင္မေလးတစ္ေယာက္က လာၿပီးတိုင္ပင္ပါတယ္။ အာလတ္လုပ္ငန္းေတြရဲ႕ပိုင္ရွင္မိသားစုဝင္ေတြဟာ တစ္ေယာက္ၿပီးတစ္ေယာက္ ေရွ႕ဆင့္ေနာက္ဆင့္ သတ္ေသသြားၾကတာပါ။ အဲ့လိုနဲ႔ေနာက္ဆုံးပိုင္ရွင္ျဖစ္လာတဲ့ ေခြၽးမအဲလိဇဘက္ကို သကၤာမကင္းျဖစ္ေနတုန္းမွာပဲ အဲလိဇဘက္လည္း သတ္ေသသြားခဲ့ပါတယ္။ အဲလိဇဘက္ကမေသခင္မွာ အလုပ္ကိစၥသြားရင္ မိဘမဲ့ေက်ာင္းကထြက္ေျပးလာတဲ့ ေကာင္မေလးအမ္မဲရာနဲ႔ေတြ႕ၿပီး အိမ္ကိုေခၚလာခဲ့ပါတယ္။ အဲ့ေန႔ညအဲလိဇဘက္ သတ္ေသတဲ့အခ်ိန္ အိမ္ထဲမွာ အဲလိဇဘက္နဲ႔အမ္မဲရာ ၂ ...
7.4
IMDB: 7.4/10 2,870 votes
movie

The Priest (2021)

2021
1080p/720p

Release year

Genres

Release year