Alpha Premium

Michael Mastro

Tesla 5.2
Tesla ဒီရုပ်ရှင်အကြောင်းကိုမပြောခင်မှာ Teslaဆိုတာဘယ်သူလဲဆိုတာကိုပြောချင်ပါတယ်။ တောမတ်စ်အယ်ဗာအယ်ဒီဆင်လို့ပြောလိုက်ရင် ကမ္ဘာအနှံ့ကလူတိုင်း ကလေးကအစခွေးအဆုံးသိပြီး သမိုင်းမှာရော ကျောင်းသင်ခန်းစာတွေမှာပါ တခမ်းတနားနဲ့အလေးပေးဖော်ပြခံရတဲ့ ၁၉ရာစုရဲ့တီထွင်သူကြီးပေါ့။ နီကိုလာတက်စ်လာကတော့ အယ်ဒီဆင်နဲ့ခေတ်ပြိုင်ပြောင်မြောက်လှတဲ့ လျှပ်စစ်ဆိုင်ရာတီထွင်မှုတွေလုပ်ခဲ့ပြီး အိုင်းစတိုင်းကတော င်သူ့ထက်တော်တယ်လို အသိမှတ်ပြုပြီးလေးစားရတဲ့ ဉာဏ်ကြီးရှင်တီထွင်သူတစ်ယောက်ပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ သူ့ကိုမသိတဲ့သူအများအပြားပါပဲ။ AC Vs DCဆိုတာ Tesla Vs Edisonပါပဲ။ ကနဦးမှာ တက်စ်လာဟာ အယ်ဒီဆင်ရဲ့အလုပ်မှာ လုပ်ခလေးနည်းနည်းနဲ့အလုပ်လုပ်ခဲ့တယ်။ သူကြံဆတဲ့ Alternating currentကို အယ်ဒီဆင်က စိတ်မဝင်စားတဲ့အပြင် ACဟာလက်တွေ့မကျဘူး အန္တရာယ်များတယ်လို့ပြောခဲ့တယ်။ DC generation plantsတွေကိုတိုးတက်အောင်လုပ်ပေးနိုင်ရင် ဒေါ်လာငါးသောင်းပေးမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမယ့် တကယ်ဖြစ်လာတဲ့အခါ အယ်ဒီဆင်က ‘မင်းက ငါတို့အမေရိကန်တွေနောက်ပြောင်တာကိုနားမလည်ဘူးပဲ’ဆိုပြီး လျှော်သွားတဲ့အတွက် တက်စ်လာဟာ အလုပ်ထွက်ပြီး ကိုယ်ပိုင်ACကုမ္ပဏီထောင်ခဲ့ပါတယ်။ နောက်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရာမှာ ACက DC (Direct Current)ထက်အကျိုးများလာတဲ့အခါ အယ်ဒီဆင်ဘက်က AC currentကြိုးကိုဆင်မှာပတ်ပြီး သေစေတဲ့အကွက်‌တွေထိပါသုံးပြီး ACကိုတိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် နိုင်ရာဂါရာရေတံခွန်ကိုအခြေခံပြီး ACရေအားလျှပ်စစ်သုံးစက်ရုံကိုတည်ဆောက်နိုင်ပြီး ‌ အောင်မြင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ...
5.2
IMDB: 5.2/10 791 votes
movie

Tesla

2020
Premium

Release year

Genres

Release year