Alpha Premium

Navdeep

Mosagallu (2021) 8.4
Mosagallu (2021) ##unicode ဒိီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Mosagallu ဆိုတဲ့မှုခင်းဒရမ်မာကားလေးပဲဖြစ်ပါတယ် အိန္ဒိယမှာဖြစ်ပွားခဲ့တဲ့ ဒေါ်လာပေါင်းသန်းနဲ့ချီတဲ့နည်းပညာပိုင်းဆိုင်ရာလိမ်လည်မှုဖြစ်ရပ်မှန်အပေါ်မှာအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် Box office မှာလည်း 1.9 crore အထိရရှိထားပြီးBudget အနေနဲ့လည်းအမေရိကန်ဒေါ်လာ ၇ သန်းအထိ ရထားတဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့အာဂျွန်နဲ့ အာနူဟာ ၁၀ စက္ကန့်ပဲခြားပြီးမွေးတဲ့အမြွှာမောင်နှမတွေဖြစ်ကြပါတယ် အာဂျွန်တို့မိသားစုဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုလေးဖြစ်ပြီး တစ်လတစ်လ လစာနည်းနည်းလေးနဲ့ မနည်းဖြတ်သန်းနေရတာပါ အာဂျွန်ဟာအရမ်းကိုချမ်းသာချင်တဲ့သူဖြစ်ပြီးတော့ ဘဝမှာပိုက်ဆံကသာအရေးကြီးဆုံးလို့ သတ်မှတ်ထားသူပါ သူ့မိသားစုရဲ့အိမ်သုံးစာရိတ်ကာမိဖို့အတွက် အလုပ်လုပ်တဲ့ကောစင်တာကနေရတဲ့လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှောင်ခိုဝက်ဘ်ဆိုဒ်မှာရောင်းစားပါတယ် ဒါကိုသိသွားတဲ့ဘော့စ်ဖြစ်သူ ဗီဂျေးဟာသူနဲ့အတူ ငွေများများရနိုင်မယ့် တရားမဝင်စီးပွားရေးတစ်ခုလုပ်ဖို့ကမ်းလှမ်းပါတယ် အဲ့တာကတော့ကောစင်တာကနေ လိမ်ညာပြီးငွေညစ်ဖို့ပဲဖြစ်ပါတယ် ပိုက်ဆံကိုကြိုက်တဲ့ဗီဂျေးတို့မောင်နှမနှစ်ယောက် ဗီဂျေးနဲ့ပေါင်းပြီး ပိုက်ဆံလိမ်လည်မှုတွေစလုပ်ပါတော့တယ် ဒီလိုနဲ့ပိုက်ဆံတွေတစ်စတစ်စဝင်လာပြီး အာဂျွန်တို့မောင်နှမ ချမ်းသာလာပါတော့တယ် မကောင်းတဲ့နည်းလမ်းနဲ့ရလာခဲ့တဲ့စည်းစိမ်ဥစ္စာတွေက ရေရှည်တည်တံ့နိုင်ပါ့မလား သူတို့ရဲ့လိမ်လည်မှုကြီးကိုအဆုံးထိဖုံးကွယ်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ##zawgyi ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Mosagallu ဆိုတဲ့မှုခင်းဒရမ်မာကားလေးပဲဖြစ်ပါတယ် အိန္ဒိယမှာဖြစ်ပွားခဲ့တဲ့ ဒေါ်လာပေါင်းသန်းနဲ့ချီတဲ့နည်းပညာပိုင်းဆိုင်ရာလိမ်လည်မှုဖြစ်ရပ်မှန်အပေါ်မှာအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် Box office မှာလည်း 1.9 crore အထိရရှိထားပြီးBudget အနေနဲ့လည်းအမေရိကန်ဒေါ်လာ ၇ သန်းအထိ ရထားတဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့အာဂျွန်နဲ့ အာနူဟာ ၁၀ စက္ကန့်ပဲခြားပြီးမွေးတဲ့အမြွှာမောင်နှမတွေဖြစ်ကြပါတယ် အာဂျွန်တို့မိသားစုဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုလေးဖြစ်ပြီး တစ်လတစ်လ လစာနည်းနည်းလေးနဲ့ မနည်းဖြတ်သန်းနေရတာပါ အာဂျွန်ဟာအရမ်းကိုချမ်းသာချင်တဲ့သူဖြစ်ပြီးတော့ ဘဝမှာပိုက်ဆံကသာအရေးကြီးဆုံးလို့ သတ်မှတ်ထားသူပါ သူ့မိသားစုရဲ့အိမ်သုံးစာရိတ်ကာမိဖို့အတွက် အလုပ်လုပ်တဲ့ကောစင်တာကနေရတဲ့လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှောင်ခိုဝက်ဘ်ဆိုဒ်မှာရောင်းစားပါတယ် ဒါကိုသိသွားတဲ့ဘော့စ်ဖြစ်သူ ဗီဂျေးဟာသူနဲ့အတူ ငွေများများရနိုင်မယ့် တရားမဝင်စီးပွားရေးတစ်ခုလုပ်ဖို့ကမ်းလှမ်းပါတယ် အဲ့တာကတော့ကောစင်တာကနေ လိမ်ညာပြီးငွေညစ်ဖို့ပဲဖြစ်ပါတယ် ...
8.4
IMDB: 8.4/10 981 votes
movie

Mosagallu (2021)

2021
Ala Vaikunthapurramuloo 7.2
Ala Vaikunthapurramuloo
7.2
IMDB: 7.2/10 5,723 votes
movie

Ala Vaikunthapurramuloo

2020
Premium
Run 7.0
Run
7.0
IMDB: 7.0/10 7 votes
movie

Run

2020
Premium

Release year

Genres

Release year