Alpha Premium

Ricky Wayne

Cherry (2021) 6.4
Cherry (2021) ##unicode ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Cherry ဆိုတဲ့ crime drama ကားလေးဖြစ်ပါတယ် Nico Walker ရဲ့နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Cherry ဆိုတဲ့ဝတ္ထုကို အခြေခံထားတာပါ စပိုက်ဒါမန်းမင်းသား Tom Holland ကခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပြီး rating အနေနဲ့ကတော့ 6.5/10 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်မှုထမ်းပြီး စစ်သားတစ်ယောက်ဟာတိုက်ပွဲအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆိုးတွေကြောင့် ဆိုးကျိုးအနေနဲ့ PTSD ဆိုတဲ့စိတ်ရောဂါကိုခံစားနေရပါတယ် စိတ်ငြိမ်နိုင်ဖို့အတွက် ဆေးတွေသုံးရင်း မူးယစ်ဆေးရဲ့သားကောင်ဖြစ်သွားပါတော့တယ် သူတင်မဟုတ်ဘဲ သူသိပ်ချစ်ရတဲ့ဇနီးကိုပါ ဆေးစွဲအောင်လုပ်မိတာပါ တစ်နေ့ထက်တစ်နေ့ မူးယစ်ဆေးနွံထဲကိုနစ်လာတဲ့လင်မယားနှစ်ယောက်ရဲ့ဘဝဟာ တဖြည်းဖြည်းဆိုးဝါးလာပါတော့တယ် နောက်ပိုင်းမှာ မူးယစ်ဆေးဝယ်ဖို့ ပိုက်ဆံအများအပြားရနိုင်ဖို့အတွက် ဘဏ်ဓားပြတိုက်တဲ့အဆင့်ထိရောက်လာပါတော့တယ် သူတို့နှစ်ယောက်မူးယစ်ဆေးဝါးရဲ့သားကောင်အဖြစ်ကလွတ်မြောက်နိုင်ပါ့မလား ဒီလိုပဲဘဝကိုနစ်မွန်းပြီးအဆုံးသတ်သွားရမလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော် မူးယစ်ဆေးရဲ့ဆိုးကျိုးကို ပညာပေးပုံစံရိုက်ကူးပြထားတာမို့ သင်ခန်းစာလည်းရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ##zawgyi ဒီတစ္ခါတင္ဆက္ေပးမွာကေတာ့ Cherry ဆိုတဲ့ crime drama ကားေလးျဖစ္ပါတယ္ Nico Walker ရဲ႕နာမည္ႀကီးဝတၳဳတစ္ပုဒ္ျဖစ္တဲ့ Cherry ဆိုတဲ့၀တၳဳကို အေျခခံထားတာပါ စပိုက္ဒါမန္းမင္းသား Tom Holland ကေခါင္းေဆာင္မင္းသားအျဖစ္ပါ၀င္ထားျပီး rating အေနနဲ႕ကေတာ့ 6.5/10 ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စစ္မႈထမ္းၿပီး စစ္သားတစ္ေယာက္ဟာတိုက္ပြဲအတြင္းမွာ ႀကဳံေတြ႕ခဲ့ရတဲ့ျဖစ္ရပ္ဆိုးေတြေၾကာင့္ ဆိုးက်ိဳးအေနနဲ႔ PTSD ဆိုတဲ့စိတ္ေရာဂါကိုခံစားေနရပါတယ္ စိတ္ၿငိမ္ႏိုင္ဖို႔အတြက္ ေဆးေတြသုံးရင္း မူးယစ္ေဆးရဲ႕သားေကာင္ျဖစ္သြားပါေတာ့တယ္ သူတင္မဟုတ္ဘဲ သူသိပ္ခ်စ္ရတဲ့ဇနီးကိုပါ ေဆးစြဲေအာင္လုပ္မိတာပါ တစ္ေန႔ထက္တစ္ေန႔ မူးယစ္ေဆးႏြံထဲကိုနစ္လာတဲ့လင္မယားႏွစ္ေယာက္ရဲ႕ဘဝဟာ တျဖည္းျဖည္းဆိုးဝါးလာပါေတာ့တယ္ ေနာက္ပိုင္းမွာ ...
6.4
IMDB: 6.4/10 3,428 votes
movie

Cherry (2021)

2021
1080p/720p

Release year

Genres

Release year