Alpha Premium

Roman Madyanov

The Last Frontier (2021) 6.4
The Last Frontier (2021) (app မှာ 720p free ကြည့်လို့ရပါတယ် 1080pကို coin နဲ့ဝယ်ကြည့်လို့ရပါတယ်) (mobile app only) unicode 1941အောက်တိုဘာမှာမော်စကိုကိုသိမ်းပိုက်ဖို့ ပြင်နေတဲ့ Naziတွေကို Russia တပ်သားသစ် ၃၅၀၀က တပ်ကူတွေမရောက်လာခင်အထိ ရှေ့တန်းကနေခုခံကာကွယ်တဲ့ တိုက်ပွဲအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Lavrovနဲ့ Dimitryတို့နှစ်ယောက် Podolskဗိုလ်သင်တန်းကျောင်းက အမြောက်တပ်မှာလေ့ကျင့်ရေးဆင်းနေတဲ့ သူငယ်ချင်းတွေဖြစ်တယ်။သူတို့ သူငယ်ချင်းနှစ်ယောက်က Marshaဆိုတဲ့ စစ်ဆရာဝန်လောင်းလေးကို အတူတူသဘောကျမိသွားတဲ့အတွက် ဗိုလ်သတင်းမဆင်းမချင်း ကောင်မလေးကို မလိုက်ဖို့သဘောတူညီခဲ့ကြတယ်။ ဒါပေမဲ့ Dimitryမသိခင်မှာဘဲ Marshaနဲ့ Lavrovတို့က ရည်းစားတွေဖြစ်သွားခဲ့တယ်။ ဒီအချိန်မှာဘဲ ဂျာမန်တွေ မော်စကိုတိုက်ခိုက်တာကို ရှေ့တန်းမှာတားဖို့ တပ်ဖွဲ့ဝင်အင်အားမလုံလောက်တာကြောင့် ဗိုလ်ကြီးတွေက စစ်သင်တန်းကျောင်းက အတွေ့အကြုံမရှိသေးတဲ့ တပ်သားသစ် ၃၅၀၀ကို တပ်ကူတွေမရောက်ခင် ၅ရက်လောက် ခံတိုက်ပေးဖို့အတွက်ရှေ့တန်းကိုလွှတ်လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ Lavrovနဲ့ Dimitryတို့လဲ တပ်သားသစ်တွေနဲ့အတူ ရှေ့တန်းကိုရောက်သွားကာ လက်နက်အင်အားအပြည့်နဲ့နာဇီတွေကို ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။အင်အားရော လက်နက်ရောသာတဲ့ နာဇီတွေကို ဒီအတွေ့အကြုံနုသေးတဲ့ တပ်သားသစ်လေး ၃၅၀၀က ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ။Lavrovနဲ့ Marshaတို့ရော ပြန်ဆုံကြပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။ ##zawgyi 1941ေအာက္တိုဘာမွာေမာ္စကိုကိုသိမ္းပိုက္ဖို႔ ျပင္ေနတဲ့ Naziေတြကို Russia တပ္သားသစ္ ၃၅၀၀က တပ္ကူေတြမေရာက္လာခင္အထိ ေရွ႕တန္းကေနခုခံကာကြယ္တဲ့ ...
6.4
IMDB: 6.4/10 425 votes
movie

The Last Frontier (2021)

2020
Vamps (Ghouls) (Vurdalaki) (2017) 4.2
Vamps (Ghouls) (Vurdalaki) (2017) ##unicode ဒီကားလေးကတော့ ရုရှားဇာဘုရင်ခေတ်ကို အခြေခံထားတဲ့ သွေးစုပ်ဖုတ်ကောင်ကားဖြစ်ပါတယ်။ လာဗာဟာ နယ်နှင်ဒဏ်ခံရပြီး မြို့တော်နဲ့ဝေးရာနယ်စပ်ဒေသက ခရစ်ယာန်ဘုန်းကြီးကျောင်းတစ်ခုမှာ ဘုန်းတော်ကြီးဝတ်ပြီးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘုရင်ကသူ့ကိုအမှုတော်ပြန်ထမ်းဖို့အတွက် အမိန့်စာကို အတွင်းရေးအထောက်တော် အန်ဒရူးဆိုသူကနေတစ်ဆင့်ပေးလိုက်ပါတယ်။ အန်ဒရူးတို့ ၂ ယောက်လည်း ဘုန်းကြီးကျောင်းကပြန်အလာ လမ်းမှာတွေ့တဲ့ရွာသူလေးတစ်ယောက်နဲ့ ခင်မင်ပြီးသူ့အိမ်မှာပဲ လိုက်တည်းဖြစ်သွားပါတယ်။ အဲ့နေ့ညမှာပဲ ရွာထဲမှာသေသွားပြီးတဲ့ ကလေးမလေးက ဖုတ်ကောင်ဖြစ်ပြီးပြန်ရှာလာတာကို ရွာသားတွေကဝိုင်းသတ်လိုက်ကြပါတယ်။ ဒီအခါမှာတော့ အန်ဒရူးတစ်ယောက်လည်း မနေသာတော့ဘဲ စုံစမ်းစစ်ဆေးဖို့ဖြစ်လာပါတော့တယ်။ တကယ်တော့ အဲ့ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကတည်းက ကမ္ဘာကြီးကိုအုပ်စိုးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အချိန်ကောင်းကိုစောင့်နေတဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရှိနေပါတယ်။ အခုဆိုရင် ကြယ်နက္ခတ်တွေကလည်း နေရာမှန်ရောက်ပြီး လူလည်းမဟုတ်၊ ဖုတ်ကောင်လည်းမဟုတ်သူရဲ့သွေးနဲ့ဆိုရင် သူတို့တွေဟာ နေ့အလင်းရောင်ထဲမှာပါ ရှင်သန်နိုင်ကြမှာဖြစ်ပါတယ်။ အဲ့လိုနဲ့လူသားနဲ့သွေးစုပ်ဖုတ်ကောင်တို့ကြားတိုက်ပွဲဖြစ်ပါတော့တယ်။ ဒီတိုက်ပွဲမှာ သွေးစုပ်ဖုတ်ကောင်တွေပဲအနိုင်ရပြီး ကမ္ဘာကြီးကိုအုပ်စိုးသွားမလား၊ လူသားတွေဘက်ကပဲ အနိုင်ရနိုင်မလား၊ အတိတ်မှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားပေးကြပါဦး။ ##zawgyi ဒီကားေလးကေတာ့ ႐ုရွားဇာဘုရင္ေခတ္ကို အေျခခံထားတဲ့ ေသြးစုပ္ဖုတ္ေကာင္ကားျဖစ္ပါတယ္။ လာဗာဟာ နယ္ႏွင္ဒဏ္ခံရၿပီး ၿမိဳ႕ေတာ္နဲ႔ေဝးရာနယ္စပ္ေဒသက ခရစ္ယာန္ဘုန္းႀကီးေက်ာင္းတစ္ခုမွာ ဘုန္းေတာ္ႀကီးဝတ္ၿပီးေနခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ ဘုရင္ကသူ႔ကိုအမႈေတာ္ျပန္ထမ္းဖို႔အတြက္ အမိန႔္စာကို အတြင္းေရးအေထာက္ေတာ္ အန္ဒ႐ူးဆိုသူကေနတစ္ဆင့္ေပးလိုက္ပါတယ္။ အန္ဒ႐ူးတို႔ ၂ ေယာက္လည္း ဘုန္းႀကီးေက်ာင္းကျပန္အလာ လမ္းမွာေတြ႕တဲ့႐ြာသူေလးတစ္ေယာက္နဲ႔ ခင္မင္ၿပီးသူ႔အိမ္မွာပဲ လိုက္တည္းျဖစ္သြားပါတယ္။ အဲ့ေန႔ညမွာပဲ ႐ြာထဲမွာေသသြားၿပီးတဲ့ ...
4.2
IMDB: 4.2/10 494 votes
movie

Vamps (Ghouls) (Vurdalaki) (2017)

2017
Premium
Burnt by the Sun 2: Citadel (2011) 4.1
Burnt by the Sun 2: Citadel (2011) ##unicode ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တို့ရဲ့စစ်မြေပြင်ပေါ် အခြေခံရိုက်ကူးထားတာပါ။ ဂျာမန်တွေလက်အောက်က မြို့စောင့်ခံတပ်တစ်ခုကို ဆိုဗီယက်ဘက်က အသည်းအသန်တိုက်ခိုက်ပေမဲ့ ဘယ်လိုမှမသိမ်းနိင်ဖြစ်နေပါတယ်။ ခံတပ်ကကုန်းမြင့်ပေါ်မှာရှိပြီး ခံတပ်ရှေ့ကလည်း သစ်ပင်ကြီးမရှိလဲ ဟင်းလင်းပြင်ကြီးဖြစ်နေတဲ့အတွက် တက်လာသမျှစစ်သားကို ခံတပ်ပေါ်ကနေ အသာလေးစီးပစ်နေရုံပါပဲ။ အဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်က တပ်တွင်းစည်းကမ်းဖောက်တဲ့သူတွေထားတဲ့ အကျဉ်းသားတပ်ခွဲကို ရှေ့တန်းကနေခံတပ်ဆီရောက်အောင်တက်ခိုင်းပါတော့တယ်။ တကယ်တော့ မင်းတို့သွားအသေခံလိုက်လို့ပြောလိုက်တာနဲ့အတူတူပါပဲ။ အမိန့်ဆိုတော့လည်း ငြင်းမရဘဲသွားတိုက်ဖို့ဖြစ်လာပါတယ်။ အဲ့တပ်ခွဲထဲမှာ အရင်ကဗိုလ်မှူးကြီးဖြစ်ခဲ့ပြီး ရာထူးချခံထားရတဲ့ ကိုတော့ဗ်လည်းအပါအဝင်ဖြစ်ပါတယ်။ သူ့မိသားစုကတော့ သူသေသွားပြီလို့ပဲသိထားခဲ့ကြတာပါ။ သူတို့တပ်ခွဲချီတက်ခါနီးမှာပဲ ကိုတော့ဗ်ကို ဗိုလ်တစ်ယောက်ကလာရှာပြီး သူ့ကိုခေါ်ထုတ်သွားပြီး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ပါ ရာထူးတိုးပေးလိုက်ပါတယ်။ ဒါတွေရဲ့နောက်ကွယ်က ဇာတ်ကြောင်းကဘာများလဲ၊ ကိုတော့ဗ်က ဘာလို့ရာထူးချခံခဲ့ရပြီး အခုရောဘာလို့ရာထူးပြန်ပေးခံရတာလဲ၊ ဒီသိမ်းရခက်ခဲတဲ့ ခံတပ်ကိုရော သူတို့သိမ်းနိုင်ပါ့မလား၊ အတိုက်အခိုက်ကြမ်းကြမ်းလေးရော ဒရမ်မာလေးကိုပါ တစ်ပေါင်းတည်းကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ##zawgyi ဒီကားေလးကေတာ့ ဒုတိယကမာၻစစ္အတြင္း ဆိုဗီယက္ျပည္ေထာင္စုနဲ႔ ဂ်ာမန္တို႔ရဲ႕စစ္ေျမျပင္ေပၚ အေျခခံ႐ိုက္ကူးထားတာပါ။ ဂ်ာမန္ေတြလက္ေအာက္က ၿမိဳ႕ေစာင့္ခံတပ္တစ္ခုကို ဆိုဗီယက္ဘက္က အသည္းအသန္တိုက္ခိုက္ေပမဲ့ ဘယ္လိုမွမသိမ္းနိင္ျဖစ္ေနပါတယ္။ ခံတပ္ကကုန္းျမင့္ေပၚမွာရွိၿပီး ခံတပ္ေရွ႕ကလည္း သစ္ပင္ႀကီးမရွိလဲ ဟင္းလင္းျပင္ႀကီးျဖစ္ေနတဲ့အတြက္ တက္လာသမွ်စစ္သားကို ခံတပ္ေပၚကေန အသာေလးစီးပစ္ေန႐ုံပါပဲ။ အဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္က တပ္တြင္းစည္းကမ္းေဖာက္တဲ့သူေတြထားတဲ့ အက်ဥ္းသားတပ္ခြဲကို ေရွ႕တန္းကေနခံတပ္ဆီေရာက္ေအာင္တက္ခိုင္းပါေတာ့တယ္။ တကယ္ေတာ့ မင္းတို႔သြားအေသခံလိုက္လို႔ေျပာလိုက္တာနဲ႔အတူတူပါပဲ။ အမိန႔္ဆိုေတာ့လည္း ျငင္းမရဘဲသြားတိုက္ဖို႔ျဖစ္လာပါတယ္။ အဲ့တပ္ခြဲထဲမွာ အရင္ကဗိုလ္မႉးႀကီးျဖစ္ခဲ့ၿပီး ...
4.1
IMDB: 4.1/10 1,691 votes
movie

Burnt by the Sun 2: Citadel (2011)

2011
1080p

Release year

Genres

Release year