Alpha Premium

Somnath Awghade

Jhund (2022) 8.6
Jhund (2022) ##unicode နာမည်ကျော်မင်းသားကြီး အမီတာဘချမ်းရဲ့ နောက်ဆုံးအသစ်ထွက် ရုံတင်ဇာတ်ကားကို အားပေးလို့ရပါပြီနော် ဒီဇာတ်ကားက ဆင်းရဲသားရပ်ကွက်က ကလေးတွေကို ဘောလုံးသမားတွေဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့အားကစားဆရာတစ်ယောက်အကြောင်း အခြေခံထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပြီးအဓိကဇာတ်ကောင်ဖြစ်တဲ့ အားကစားဆရာဇာတ်ကောင်မှာ အမီတာဘချမ်းက ပါဝင်အားဖြည့်ထားပါတယ် ငယ်ငယ်လေးကတည်းက အရက်သောက် ၊ ဖဲရိုက်၊ ဆေးချလုပ်နေတဲ့ ဆင်းရဲသားရပ်ကွက်ကကလေးတွေကို အားကစားဆရာတစ်ယောက်က မင်းတို့ ဘောလုံးကန်ရင် ရူပီးငါးရာပေးမယ်ဆိုပြီး ဘောလုံးကန်ဖို့သူတို့ကို အားပေးအားမြှောက်လုပ်ခဲ့တာပေါ့ ပိုက်ဆံရရင် ဘာမဆိုလုပ်ချင်တဲ့ ဒီကောင်တွေကလည်း ကန်ကြတယ် ဒီလိုနဲ့ တစ်ဖြေးဖြေး ဆရာက ရူပီးငါးရာလာမပေးရင်တောင် သူတို့ဟာသူတို့ စည်သွပ်ဘူးလေးတွေနဲ့ ရအောင်ကန်ရာကနေ ဘောလုံးကို ရူးသွပ်လာကြပါတယ် နောက်ဆုံး ကောလိပ်အသင်းတစ်သင်းနဲ့ယှဉ်ပြိုင်ဖို့အထိ သူတို့ဆရာက ပွဲစီစဉ်ပေးတဲ့အခါမှာတော့ သူတို့တွေရဲ့ ဘောလုံးအရည်အချင်းတွေ ဘယ်လိုထွက်ပေါ်လာမလဲ ဆင်းရဲသားရပ်ကွက်က ကလေးတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာနဲ့ သူတို့ကြားက မေတ္တာသံယောဇဉ်တွေကိုလည်း ဒီဇာတ်ကားမှာ အားပေးရမှာပဲဖြစ်လို့ ခံစားကြည့်ရူကြပါဦးနော် ##zawgyi နာမည်ကျော်မင်းသားကြီး အမီတာဘချမ်းရဲ့ နောက်ဆုံးအသစ်ထွက် ရုံတင်ဇာတ်ကားကို အားပေးလို့ရပါပြီနော် ဒီဇာတ်ကားက ဆင်းရဲသားရပ်ကွက်က ကလေးတွေကို ဘောလုံးသမားတွေဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့အားကစားဆရာတစ်ယောက်အကြောင်း အခြေခံထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပြီးအဓိကဇာတ်ကောင်ဖြစ်တဲ့ အားကစားဆရာဇာတ်ကောင်မှာ အမီတာဘချမ်းက ပါဝင်အားဖြည့်ထားပါတယ် ငယ်ငယ်လေးကတည်းက အရက်သောက် ၊ ဖဲရိုက်၊ ဆေးချလုပ်နေတဲ့ ဆင်းရဲသားရပ်ကွက်ကကလေးတွေကို အားကစားဆရာတစ်ယောက်က မင်းတို့ ...
8.6
IMDB: 8.6/10 20,673 votes
movie

Jhund (2022)

2022

Release year

Genres

Release year