Alpha Premium

Suma Kanakala

Jayamma Panchayathi (2022) 8.3
Jayamma Panchayathi (2022) (App only) app ကနေ free ကြည့်လို့ရပါတယ် ##unicode ဒီဇာတ်ကားရဲ့ Highlight အဓိကဇာတ်ကောင်ကတော့ ဂျေရာမာဆိုတဲ့ သမီးနှစ်ယောက်ရဲ့အမေ ၊ နှလုံးရောဂါသည်ခင်ပွန်းရဲ့ဇနီးဖြစ်သူပါ ဘာလို့လဲဆိုတော့ ဂျေရာမာက ဒီဇာတ်လမ်းတစ်ခုလုံးကို ကောင်းမွန်တဲ့ဇာတ်အိမ် ၊ ဘဝအသိပေးနဲ့ ပေါ့ပါးတဲ့ဇာတ်လမ်းလေးကို ဖန်တီးပေးထားလို့ပါပဲ ဂျေရာမာတို့လင်မယားက ရွာသားတွေ ဆွေမျိုးတွေအပေါ်မှာ သိပ်ရက်ရောပါတယ် ဘာပွဲရှိရှိ ပေးလိုက်ကမ်းလိုက်တာပဲ အိန္ဒိယကရွာတွေမှာ အပျိုဖော်ဝင်တဲ့ သမီးမိန်းကလေးဆိုရင် ပွဲလုပ်ပေးကြတယ် အားလုံးက မင်္ဂလာဆောင်လို လက်ဖွဲ့ငွေတွေပေးကြတာပေ့ါ သူများကိုကျပေးကမ်းခဲ့တဲ့ ဂျေရာမာတို့ သူတို့သမီး အပျိုဖော်ဝင်ပွဲကျ လက်ဖွဲ့ငွေတွေက အရမ်းကိုနည်းနေပါရော ၊ လက်ဖွဲ့ငွေတွေနဲ့ ယောက်ျားရဲ့နှလုံးရောဂါကို ခွဲစိတ်ပေးဖို့ ကြံထားတဲ့ ဂျေရာမာတစ်ယောက် သနားဖို့ကောင်း ၊ စိတ်လည်းတိုနဲ့ လက်ဖွဲ့ငွေတွေ တစ်အိမ်တတ် တစ်အိမ်ဆင်း လိုက်တောင်းပါလေရော အဲ့လိုတောင်းတဲ့အချိန် လက်ဖွဲ့ငွေမပေးတဲ့လူတွေနဲ့ ရှောင်တဲ့လူတွေနဲ့ ဂျေရာမာရဲ့ သနားစရာဘဝလေး ၊ အလွဲအချော်တွေနဲ့ ဂျေရာမာတို့ရွာရဲ့ ဓလေ့စရိုက် ဇာတ်လမ်းလေးတွေကို မြင်တွေ့ရမှာဖြစ်လို့ အားပေးကြပါဦးနော် ##zawgyi ဒီဇာတ်ကားရဲ့ Highlight အဓိကဇာတ်ကောင်ကတော့ ဂျေရာမာဆိုတဲ့ သမီးနှစ်ယောက်ရဲ့အမေ ၊ ...
8.3
IMDB: 8.3/10 88 votes
movie


2022

Release year

Genres

Release year