Alpha Premium

Teddy Robin

Detective Dee and the Mystery of the Phantom Flame (2010) 6.6
Detective Dee and the Mystery of the Phantom Flame (2010) ဇာတ်လမ်းကား စိတ်ဝင်စားဖွယ်ရာ အတိတည်း။ အေဒီ ၆၈၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော ဘုရင်မဖြစ်လာမည့် ဘုရင်မဝူ သည် ထီးနန်းတက်ပွဲ ပြုလုပ်ရန် အားထုတ်နေချိန်ဖြစ်လေသည်။ ထိုအချိန်၌ နေရင်းထိုင်ရင်း ဆန်းကြယ်စွာ မီးလောင်သူများ ထွက်ပေါ်လာပြီး အဆိုပါ မီးလောင်သူများမှာလဲ ဘုရင်မဝူ နန်းတက်ပွဲအမှီ ထုလုပ်နေသော ရုပ်ပွားတော် တည်ဆောက်ရေးနှင့် ဆက်စပ်နေချေသည်။ ဖြေရှင်းမနိုင်သော ဇာတ်ထုတ်ကြီးအား ဖြေရှင်းရန် ဘုရင်မဝူကို ပုန်ကန်မှုဖြင့် ထောင်ချထားသော စုံထောက်တီ(ဒီး)ကို ထောင်မှထုတ်ကာ တာဝန်ပေးလိုက်လေသည်။ သို့နှင့် စုံထောက်တီ(ဒီး)နှင့် ဆန်းကြယ်မီးတောက် အမှုဖြစ်လာချေတမုံ့။ စုံထောက်တီ(ဒီး)ကား စုံထောက်ရာတွင် စေ့စပ်သကဲ့သို့ သစ္စာတရားကို လက်ကိုင်ထားသူဖြစ်လေသည်။ သစ္စာတရား ၊ အမှန်တရားနှင့် ပတ်သတ်လာလျှင် ဘုရင်မ သော်မှ အလွတ်မပေး စစ်ဆေးသူတည်း။ ဘုရင်မဝူသည်လည်း တရုတ်နိုင်ငံ၏ ပထမဆုံးသော ဘုရင်မ ဖြစ်သောကြောင့် ပေါ့သေးသေး မဟုတ်ရကား သက်ဦးဆံပိုင်ဘုရင်စနစ်တို့ ထုံးစအတိုင်း နန်းတွင်းအရှုပ်တော်ပုံသည် အတော်ပင် ရှုပ်ထွေးလွန်းနေသည်။ အနှီအရှုပ်ထုတ်ထဲကို ရုပ်ပြောင်းရုပ်လွှဲ..ကိုယ်ဖော့သိုင်း..ကိုယ်ပွားသိုင်း စသည့် ရှေးတရုတ်သိုင်းမျိုးစုံတတ်ကျွမ်းသော ဆန်းကြယ်မီးတောက် ဖန်တီးသူတို့ ပါဝင်လာရာ စုံထောက်တီ(ဒီး)တစ်ယောက် ရတက်ပွေရလေပြီ။ သို့ပေသည့် သူရဲကောင်းတို့ထုံး ...
6.6
IMDB: 6.6/10 10,308 votes
movie

Detective Dee and the Mystery of the Phantom Flame (2010)

2010
Premium

Release year

Genres

Release year