Alpha Premium

Tichina Arnold

Runt (2021) 7.4
Runt (2021) ##unicode အခုတစ်ခေါက်မှာတော့ ၂၀၂၀ ခုနှစ်လောက်ကထွက်ရှိခဲ့တဲ့ အမေရိကန် Thriller ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Cameron Boyce မသေဆုံးခင်နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်ပါတယ် ကယ်လ်ဟာကျောင်းမှာရှိတဲ့လူတစ်စုအနိုင်ကျင့်ခံရတဲ့ ဆယ်ကျော်သက်ကောင်လေးဖြစ်ပါတယ် သူ့အမေကလည်းအမြဲတမ်းအလုပ်ကိစ္စနဲ့ရှုပ်နေပြီး ကယ်လ်ကိုဘယ်တော့မှဂရုမစိုက်အားပါဘူး ကယ်လ်ရဲ့ဘဝမှာအချစ်ဆုံးနဲ့အရင်းနှီးဆုံးဆိုလို့ သူ့ရဲ့ခွေးလေးရန့်ပဲရှိတာပါ တစ်ရက်မှာတော့ကယ်လ်ဟာသူ့ကိုအမြဲတမ်းအနိုင်ကျင့်နေကျဗစ်ကိုပြန်တိုက်ခိုက်ပြီး လက်ထိခိုက်အောင်မတော်တဆလုပ်မိလိုက်ပါတယ် ဘေ့စ်ဘောကစားတဲ့ဗစ်အတွက်သူ့လက်ကအရမ်းကိုအရေးကြီးပြီး လက်ဒဏ်ရာကြောင့် ကစားပွဲမှာပါဝင်ပြီးမကစားနိုင်တော့တဲ့အခါ ဗစ်တစ်ယောက် ကယ်လ်ကိုအငြိုးထားပါတော့တယ် ကယ်လ်တစ်ယောက်ပြဿနာတွေကိုတစ်ယောက်တည်းဘယ်လိုဖြေရှင်းသွားမလဲ အမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ကယ်လ်တစ်ယောက်ဆက်ပြီးအရှုံးပေးနေရဦးမှာလားဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးနော် ##zawgyi အခုတစ်ခေါက်မှာတော့ ၂၀၂၀ ခုနှစ်လောက်ကထွက်ရှိခဲ့တဲ့ အမေရိကန် Thriller ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Cameron Boyce မသေဆုံးခင်နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်ပါတယ် ကယ်လ်ဟာကျောင်းမှာရှိတဲ့လူတစ်စုအနိုင်ကျင့်ခံရတဲ့ ဆယ်ကျော်သက်ကောင်လေးဖြစ်ပါတယ် သူ့အမေကလည်းအမြဲတမ်းအလုပ်ကိစ္စနဲ့ရှုပ်နေပြီး ကယ်လ်ကိုဘယ်တော့မှဂရုမစိုက်အားပါဘူး ကယ်လ်ရဲ့ဘဝမှာအချစ်ဆုံးနဲ့အရင်းနှီးဆုံးဆိုလို့ သူ့ရဲ့ခွေးလေးရန့်ပဲရှိတာပါ တစ်ရက်မှာတော့ကယ်လ်ဟာသူ့ကိုအမြဲတမ်းအနိုင်ကျင့်နေကျဗစ်ကိုပြန်တိုက်ခိုက်ပြီး လက်ထိခိုက်အောင်မတော်တဆလုပ်မိလိုက်ပါတယ် ဘေ့စ်ဘောကစားတဲ့ဗစ်အတွက်သူ့လက်ကအရမ်းကိုအရေးကြီးပြီး လက်ဒဏ်ရာကြောင့် ကစားပွဲမှာပါဝင်ပြီးမကစားနိုင်တော့တဲ့အခါ ဗစ်တစ်ယောက် ကယ်လ်ကိုအငြိုးထားပါတော့တယ် ကယ်လ်တစ်ယောက်ပြဿနာတွေကိုတစ်ယောက်တည်းဘယ်လိုဖြေရှင်းသွားမလဲ အမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ကယ်လ်တစ်ယောက်ဆက်ပြီးအရှုံးပေးနေရဦးမှာလားဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးနော် Review – Phyu Sin File Size –2.4GB,1.2GB Format…mp4 Quality :1080p WED-DL,720p WED-DL Genre : Drama Subtitle : Phyu Sin Encoded by Arrow
7.4
IMDB: 7.4/10 114 votes
movie

Runt (2021)

2020
1080p/720p
Clover 4.0
Clover Clover 2020 ဒီဇာတ်ကားလေးကတော့ ကလိုဗာ လို့ခေါ်တဲ့ ၁၈ နှစ်သမီးလေးအကြောင်းကိုရိုက်ပြထားတာလည်းဖြစ်နိုင်သလို…….. Clover(ကံကောင်းစေတဲ့ပဲရိုင်းရွက်)အကြောင်းလည်းပြောထားတာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကားရဲ့အစမှာ အမြဲေ-ာက်နဲ့ -ီးကိုပါးစပ်ကမချတဲ့ ညီအကိုနှစ်ယောက်ဖြစ်တဲ့ ဖရန့်ကီနဲ့မစ်ကီ တို့နှစ်ယောက်က သူတို့မိဘဘိုးဘွားအစဉ်အဆက်ကပိုင်လာတဲ့ဘားကိုသူတို့လက်ထဲမှ ဆုံးခါနီးတော့ နှစ်ကောင်သားရန်ဖြစ်တာနဲ့စထားတာပါ။ သူတို့က ဇာတ်လမ်းအစမှာလည်းရန်ဖြစ်တယ် အလယ်လည်းဖြစ်တာပဲ ပြီးခါနီးတောင်ဖြစ်သွားသေးတာ အဲ့ အသတ်ခံရခါနီးတောင် ရန်ဖြစ်သေးတာ။ ဒါပေမယ့် သူတို့သေဖို့နီးစပ်လာတိုင်း အဲ့ပဲရိုင်းကိုတစ်နေရာရာမှာတွေ့ရင်လွတ်လွတ်လာကြတယ်။အဲ့တာလည်း ဒီကားမှာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ထူးခြားတာက ဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ကလိုဗာမှာက အမေနှစ်ယောက်ရှိတယ်။ အဲ့အမေနှစ်ယောက်က လူမိုက်တွေ(ဂေါ်ချက်ပဲ) နောက်တစ်ခုက မစ်ကီ ဖရန့်ကီကိုပြောတဲ့စကားတွေ၊အဲ့အမေနှစ်ယောက်ဆိုတဲ့သူနှစ်ယောက်ရဲ့အပေးအယူမျှမှုတွေ က ပထမစကြည့်တုန်းက BL တွေလားလို့တောင်ထင်သွားစေပါတယ်။ ပြီးတော့ အဲ့အမေနှစ်ယောက်က သူတို့ကိုခိုင်းထားတဲ့အလုပ်ကိုပြီးအောင်လုပ်ဖို့ ကလိုဗာကိုဘယ်လိုသုံးခဲ့လဲ………….ညီအကိုနှစ်ယောက်ရော နောက်ဆုံးအသက်ရှင်သွားလား……..ဆိုတာတွေကို စိတ်ဝင်စားဖွယ် ဟာသပါနှောပြီးတော့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
4.0
IMDB: 4.0/10 110 votes
movie

Clover

2020
Premium
The Main Event 4.5
The Main Event The Main Event (2020) =========================== လီယိုဆိုတဲ့ ကလေးလေးက အဖေနဲ့အတူနေနေတဲ့ မိတဆိုးလေးတစ်ယောက်ပေါ့။ လီယိုလေးရဲ့အမေက သူ့ကိုထားခဲ့တဲ့အတွက် စိတ်နာနေတဲ့ လီယိုရဲ့အဖေနဲ့ အမေကိုတမ်းတနေတဲ့လီယိုလေးတို့ ဆက်ဆံရေးအဆင်မပြေတာကြောင့် အဘွားဖြစ်သူက သူတို့ပြန်အဆင်ပြေအောင် အတူလာနေပေးပါတယ်။ ဒီလိုစိတ်အားငယ်တတ်တဲ့ လီယိုလေးက ခန္ဓာကိုယ်ကလည်းသေးနေတာကြောင့် ကျောင်းမှာမကြာခဏ အနိုင်ကျင့်ခံရတတ်ပါသေးတယ်။ ဒါပေမဲ့ လီယိုလေးက နပန်းပွဲတွေကို နှစ်သက်သူဖြစ်ပြီး သူ့အိပ်မက်က WWEစူပါစတားတစ်ယောက်ဖြစ်လာချင်တာပါ။ တစ်နေ့သူ့ရဲ့ဘဝထဲကို ထူးဆန်းတဲ့စွမ်းအားတွေနဲ့ မျက်နှာဖုံးတစ်ခုရောက်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ။ သူ့ကိုအနိုင်ကျင့်တဲ့လူ‌တွေကို မျက်နှာဖုံးကိုသုံးပြီး ဘယ်လိုပညာပြမလဲ။ သူတိတ်တခိုးချစ်နေရတဲ့ ကောင်မလေးကိုရော စကားပြောနိုင်မှာလား။ နောက်ဆုံး သူ့အဖေရဲ့ပြဿနာကိုဖြေရှင်းဖို့ NXT နပန်းပွဲကိုဝင်ပြိုင်ရင်းက ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီ The Main Event ဆိုတဲ့ဇာတ်ကားမှာ ကြည့်လိုက်ရအောင် …
4.5
IMDB: 4.5/10 179 votes
movie

The Main Event

2020
Premium